၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 170 2
                                    

Chapter 66

ဟန်ချင်စုန့် ကအဖွားကြီးဟန်၏ သူ့ကလေးများအပေါ်ဆက်ဆံပုံကြောင့် စိတ်ပျက်သွားရခြင်းဖြစ်သည် ။ သို့သော်လည်း ဟန်ချင်စုန့် သည်သူ၏ခံစားချက်များကို နှလုံးသားထဲ၌သိမ်းဆည်းထားတတ်တာ နောက်ဆုံးစည်းမရောက်သည်အထိ ဖွင့်ထုတ်မည်မဟုတ်မှန်း အဖိူးကြီးဟန်သိနေသည် ။

အဖိုးကြီးဟန် ကအနွေးအိပ်ရာပေါ်ကနေထလိုက်ပြီး ပြောလိုက်သည် ။

" ငါအုပ်ချုပ်ရေးမှူးရဲ့အိမ်ကိုသွားပြီး မနက်ဖြန်ဘယ်လိုဆုံးဖြတ်ကြမလဲ သွားဆွေးနွေးလိုက်ဦးမယ် "

ခွဲဝေမူအတွက် အုပ်ချုပ်ရေးမှူးက သင့်တော်သလိုတွက်ချက်၍ ရစေရန် ပိုင်ဆိုင်မူများကို တင်ပြကာ အဖိုးကြီးဟန် သည်လည်း သူ့ကိုယ်သူစိတ်ပိုင်းဆိုင်ရာပြင်ဆင်ဖို့လိုအပ်သေးသည် ။

အဖိုးကြီးဟန်က အစ်ကိုကြီးဟန်ကို ပြန်လွှတ်လိုက်သော်လည်း အဖွားကြီးဟန်က ပြဿနာရှာချင်နေဆဲဖြစ်ကာ ဒုတိယအစ်ကိုဟန် ကိုပြောလိုက်သည် ။

" မဖြစ်ဘူး တကယ်လို့ပစ္စည်းဥစ္စာတွေကို ခွဲဝေကြရင် မင်းတို့အကုန်လုံးရသင့်တာဆိုတော့ သွား မင်းကျင်းပေါင်ကို ဒီအကြောင်းပြောပြပြီး ရအောင်ခေါ်ခဲ့ချည် သူလည်းဘဲ ဝေစုတွေရသင့်တယ် "

သူတို့နှစ်ယောက် ဟာ အပြင်ဘက်ကောင်းကင်ကိုကြည့်မိပြီး သက်ပြင်းချလိုက်ကြသည် ။

" အမေသွားခေါ်စေချင်တယ်ဆိုရက်တောင်မနက်မှ ရလိမ့်မယ် အခုကအပြင်မှာမှောင်နေပြီ "

အဖွားကြီးဟန် ကနှာမူတ်ပြီးပြောလိုက်သည် ။

" မင်းတို့တစ်ယောက်မှ သုံးစားလို့ကိုမရဘူး ။ ငါအားကိုးလို့ရနိုင်တာဆိုလို့ ကျင်းပေါင်နဲ့ ကျင်းယုဘဲရှိတယ် "

အဖွားကြီးဟန် ရဲ့အငယ်ဆုံးသားကို ကျင်းပေါင် လို့ခေါ်ပေမဲ့ သူ့နမည်က ဟန်ချင်ဟွ ဖြစ်ပြီး အငယ်ဆုံးသမီးရဲ့နမည်က ကျင်းယုဖြစ်ကာ အဖွားကြီးဟန်က သူတို့နှစ်ယောက် ကိုအချစ်ဆုံးဖြစ်သည် ။

( TN/ သားနမည် ' ကျင်းပေါင် ' က သန့်စင်ပြီးတန်ဖိုးကြီးရွှေဖြစ်ပြီး သမီးနမည် ' ကျင်းယု ' က ရွှေရောင်ကျောက်စိမ်းဆိုတော့ကာ အဖွားကြီးကသူတို့နှစ်ယောက်ကို ရတနာလေးလိုတန်ဖိုးထားပါတယ်)

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now