၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 138 0
                                    

Part 46

ကောင်းပြီလေ အဖွားကြီးဟန်၊ ရှင်အဲ့ဒါကလုပ်နေစရာမလိုတော့ဘူး။နောက်ပိုင်းကျရင် ကျွန်မရှင့်ကိုရအောင်ဖမ်းပြမယ်။ဘယ်လိုအခြေအနေ နဲ့မဆို အခုချိန်မှာ ငါတို့မှာကစားစရာသိပ်ရှိတော့တာမဟုတ်ဘူး၊ ကျွန်မကလည်း အခြေအနေအရ အကုန်လုံးကို မချက်ကျွေးနိုင်သေးဘူး။နောက်ဆုံးမှာတော့ ဆောင်းတွင်းရောက်လာဖို့ဘဲ စောင့်မှရတော့မယ်။

သို့သော် နောက်တစ်နေ့တွင် ဟန်ချင်စုန့်က တစ်စုံတစ်ယောက်ဆီမှ ယူလာခဲ့သော ဘဲပေါက်လေးနှစ်ကောင်ဖြင့် ပြန်လာခဲ့လေသည်။သူတို့က ခရင်မ်နှင့် ထောပတ်ရောင်စပ်‌ထားသောဘဲများဖြစ်ကာ အထူးတလည်ကို ချစ်ဖို့ကောင်းနေလေ၏။

ရှောင်ဝမ်နှင့် အခြားကလေးများက ဘဲပေါက်လေးများကို အရမ်းသဘောကျကြပေသည်။

‘‘မာမား ဒီဘဲပေါက်လေးတွေက အရမ်းကောင်းတာဘဲ။သူတို့ကြီးလာတဲ့အခါကျရင် သူတို့ဘာသာအစာရှာဖို့အတွက် မြစ်ဆီကိုသွားပြီး ငါးတွေ၊ပုစွန်ဆိတ်တွေကို ရှာနိုင်လိမ့်မယ်။ပြီးတော့ သူတို့က ကြက်ပေါက်လေးတွေထက် အစာစားတာလည်း နည်းတယ်’’

‘‘ဟုတ်တယ် ၊ဘဲတွေက မွေးရလွယ်ပြီးတော့ လွယ်လွယ်နဲ့လဲ မသေဘူး’’

ကြက်ပေါက်လေး ဆယ်ကောင်မှာဆိုလျှင် ငါးကောင်က သေနေကျပင်ဖြစ်သည်။

လင်းလန်က ပြုံးပြီးပြောလိုက်သည်။
‘‘သူတို့စားဖို့အတွက် နုပြီးစိမ်းစိုနေတဲ့ အသီးအရွက်တွေကို တူးဖို့မမေ့နဲ့နော် ’’

ရှောင်ဝမ်က သူ့လက်ကိုမြှောက်လိုက်လေသည်။
‘‘မားမားစားဖို့ ဘဲဥရဖို့အတွက် သားကဘဲတွေကို မြက်တွေနဲ့ ပိုးကောင်တွေစားလို့ရအောင် လုပ်လိုက်ပါ့မယ်’’

စန်းဝမ်ကလည်း ပြုံးကာပြောလာလေသည်။
‘‘သူတို့အပြင်မှာရှိနေတဲ့အခါတစ်ယောက်ယောက်က စောင့်ကြည့်နေပေးဖို့လိုတယ်၊ အဲ့ဒီလိုမှမဟုတ်ရင် သူတို့က အခြားဘဲအကြီးတွေနဲ့ လိုက်သွားလိမ့်မယ်။သူတို့ဥဥတဲ့အခါကျရင်လည်း ငါတို့ဂရုစိုက်ပေးဖို့လိုတယ်’’

သူက အဲ့ဒီလိုဖြစ်ရပ်တွေအများကြီးကိုမြင်ဖူးပေသည်။အိမ်မှာ ဘဲပေါက်လေး တစ်ကောင်နှစ်ကောင်မွေးထားပေမယ့် သူတို့ကအပြင်ထွက်အစာရှာကြတဲ့အခါ အခြားအိမ်များမှ ဘဲအကြီးများ၏ နောက်မှာ လိုက်ပါသွားနိုင်ပေသည်။၎င်းက တကယ်ကိုတုံးအပေသည်။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now