၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 153 0
                                    

Part 96

အုပ်ချုပ်ရေးမှူးအိမ်နှင့်ကောင်စီခေါင်းဆောင်၏အိမ်တို့သည် အနီးအနားတွင်ရှိကာ သုံးလေးမိနစ်ခန့်မျှသာလမ်းလျှောက်ရသည် ။ ရွာအတွင်းရှိအုပ်ချုပ်ရေးနှင့် လူမူရေးကိစ္စအဝဝကို အုပ်ချုပ်ရေးမှူးကတာဝန်ယူစီမံကာ ကောင်စီခေါင်းဆောင်သည် အလုပ်များခွဲဝေပေးခြင်းနှင့်ရိက္ခာခွဲဝေပေးခြင်းများကိုတာဝန်ယူထားသည် ။

စာရေးအနေဖြင့် ရိက္ခာခွဲတမ်းကိုတွက်ချက်ပေးရကာ စာရင်းများထိန်းသိမ်းခြင်းကိုဆောင်ရွက်ပေးသည် ။ အကျဥ်းချုပ်အားဖြင့် တခြားရွာများကဲ့သို့ပင် အုပ်ချုပ်မူပုံစံအတူတူပင်ဖြစ်ကာ ယဥ်ကျေးမူတော်လှန်ရေးအတွင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့်စစ်သားတချို့အား အငြိမ်းစားပေးပြီး မိမိတို့၏ကျေးရွာများ၌တာဝန်ထမ်းဆောင်ခိုင်းလေ့ရှိသည် ။

ကျေးရွာများမှ အခြေခံလူတန်းစားတချို့သည်လည်း အုပ်ချုပ်ရေးအသင်းအဖွဲ့များတွင်ပါဝင်ကူညီလာနိုင်ကြ ကာအနည်းနှင့်အများဆုံးဖြတ်ပိုင်ခွင့်ရှိသူများဖြစ်လာကြသည် ။ ဟန်ရုံဖန်သည်လည်း ရွာ၏ကျော်ကြားသည့်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ကာ အရင်အချိန်များတွင်း ဝံပုလွေကြီး ဟုသည့်အမည်ပြောင်ပင်ရှိခဲ့သည် ။

သူသည် တော်လှန်ရေးကွန်မြူနတီတွင်စာရင်းမပေးရသေးခင်အချိန်ကတည်းကပင် ဟန်ရုံဖန်သည် ကြမ်းတမ်းသည့်သူမျိုးဖြစ်ကာ ရွာပြင်တွင်အလုပ်လုပ်သည့်အချိန်တိုင်းဝံပုလွေများနှင့် မကြာခဏတိုက်ခိုက်လေ့ရှိသည် ။ တပ်ထဲသို့ဝင်ရောက်သွားသည့်အခါတွင်တော့ ပြင်းထန်သည့်လေ့ကျင့်မူများတွင်းပို၍အရိုင်းဆန်လာခဲ့ပြီး အနာဂတ်ကောင်းရှိခဲ့သော်လည်း ဒဏ်ရာရခဲ့၍ စောစီးစွာအနားယူခဲ့ရသည် ။

အနားယူပြီးသည့်နောက်တွင် အုပ်ချုပ်ရေးမူးအဖြစ်စတင်တာဝန်ယူခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်တာကုန်လွန်သွားခဲ့ပြီး ရွာ၏လူကြီးပိုင်းအဖွဲ့ဝင်အနေနှင့်သာ နေထိုင်ခဲ့သော်လည်း လူငယ်များက အနစ်နာခံအုပ်ချုပ်မူများအတွက် လေးစားဆဲဖြစ်သည် ။ ထို့ကြောင့်ကြီးကြီးငယ်ငယ် ဆုံးဖြတ်ရမည့်ကိစ္စတချို့၌ ဟန်ရုံဖန်၏ဆုံးဖြတ်ချက်ကိုလည်း အလေးထားကြသည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now