၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 142 0
                                    

Part 111

လင်းလန်က ဟန်မိသားစုမှရခဲ့သည့် ပိုက်ဆံများအကြောင်းတွေးမိသည် ။ မနာလိုဖြစ်နေသည့် သူမှမဟုတ်လျှင် ပိုက်ဆံခိုးမည့် လုပ်ရပ်အားလုပ်နိုင်မည့်သူမရှိပေ ။

ယခုအချိန်များတွင် အိမ်တိုင်းလိုလို လမ်းမကြီးနှင့် နီးသည်ဖြစ်စေဝေးသည်ဖြစ်စေ တံခါးသော့ခတ်လေ့မရှိပေ ။ ဆင်းရဲလွန်းသောကြောင့် ဆယ်အိမ်ပေါင်းလျှင်တောင် ဆယ်ယွမ်ရရန်မဖြစ်နိုင်ပေ ။

ရိက္ခာများကိုသာ သေသေချာချာသိမ်းဆည်းထားတတ်ကြသည် ။ မည်သို့ပင်ဖြစ်စေ လင်းလန်က စိတ်အေးလက်အေးမနေနိုင်ချေ ။ နေ့လည်ခင်းအလုပ်ဆင်းချိန်တွင် ရွာ၏လုံခြုံရေးခေါင်းဆောင်ထံသို့သွားကာ သတင်းပို့ရန်ပြင်ခဲ့သည် ။

လုံခြုံရေးအဖွဲ့က ရွာတိုင်းလိုလိုတွင်ရှိကြပြီး သီးနှံရိတ်သိမ်းချိန်၌ အခိုးမခံရအောင်စောင့်ကြည့်ကြသည့်အပြင် ရွာလုံခြုံရေးအတွက်လည်းတာဝန်ရှိသည် ။

လင်းလန်၏ တိုင်ကြားချက်အား ပေါ့ပေါ့ဆဆမတွေးရဲကြချေ ။ အိမ်တစ်အိမ်သာ ဖောက်ထွင်းခံရမည်ဆိုလျှင် လုံခြုံရေးအားနည်းကြောင်းသက်သေပြလိုက်သလိုဖြစ်ကာ လုံခြုံရေးကင်းအဖွဲ့၏ မျက်နှာအားဖြတ်ရိုက်လိုက်သလိုပင်ဖြစ်သည် ။

" ဒီရက်တွေအတွင်းမှာ လူတိုင်းကအလုပ်ထဲရောက်နေကြလို့ နေ့လည်ခင်းတွေမှာအိမ်မှာလူမရှိတတ်ကြဘူး ။ ညဘက်ဆိုရင်လဲ ပင်ပန်းပြီးအနားယူနေကြတဲ့အတွက် ကိစ္စတစ်ခုခုဖြစ်လာခဲ့ရင်သိလိုက်ကြမှာမဟုတ်ဘူး ဒါ့ကြောင့် အချိန်အပိုင်းအခြားနဲ့ကင်းလှည့်တာ ကောင်းမယ်လို့ကျွန်မထင်တယ် "

လုံခြုံရေးခေါင်းဆောင်၏ ညွှန်ကြားမူအရ ကင်းလှည့်နေကြသည့်နေ့ရက်များအတွင်းတွင် အရာအားလုံးပုံမှန်ပြန်ဖြစ်သွားကြောင်း လင်းလန်သတိထားမိခဲ့သည် ။

သို့သော်လည်း သူမစိတ်မချဆဲဖြစ်ကာ ကလေးများအားပြောပြခဲ့သည် ။ အထူးသဖြင့် တဝမ်နှင့်အားဝမ်ကို သတိထားစောင့်ကြည့်ခိုင်းခဲ့သည် ။ ရွာထဲတွင်လည်း ခွေးရှိသည့်အိမ်များ၌ ခွေးမွေးရန်လိုက်ရှာနေခဲ့သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now