၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 152 0
                                    

part 9

ဟန်ချင်စုန့်၏လစာကို သုံးလတစ်ကြိမ်ပို့လေ့ရှိသည်။ သို့သော် ယင်းလစာကို ဟန်ချင်စုန့်ကိုယ်တိုင်ပို့ခြင်းမဟုတ်ဘဲ တပ်မတော်အသုံးစရိတ်ထောက်ပံ့ရေးဌာနအား လွှဲလိုက်ခြင်းဖြစ်သည်။

ဤနှစ်ရက်သည် သုံးလတစ်ကြိမ်ငွေထုတ်ရမည့်ရက်ဖြစ်သည်။ ငွေစာရင်းများသည် ပထမဦးစွာ ခရိုင်ရုံးသို့အရင်ရောက်ပြီး နောက်မှ စာပို့သမားက ၎င်းအား လက်ခံရမည့်အိမ်တိုင်းသို့ပို့လေ၏။ သို့သော် ဝန်ထမ်းအင်အားမလုံလောက်သဖြင့် အိမ်သို့ငွေစာရင်းရောက်လာရန် အနည်းဆုံးသုံးရက်ကြာတတ်သည်။

လင်းလန်သည် ယခုအချိန်၏ အခွင့်အရေးကို အပြည့်အဝအသုံးချရန်ကြံစည်ထားသည်။ အဖွားကြီး ဟန် ငွေမထုတ်ယူခင် သူမက ခြေတစ်လှမ်းဦး၍ မြို့ထဲသို့သွားကာ ငွေစာရင်းအား သူမလက်ထဲသို့ အရင်ရောက်လာအောင် လုပ်မည်ဖြစ်သည်။

ယခင်က ဟန်ချင်စုန့်၏လစာကို အဖိုးအိုဟန်နာမည်နှင့်ရေးသွင်းထားသဖြင့် အဖွားကြီး ဟန်သည် ငွေလွှဲပြောင်းထောက်ခံစာနှင့် အဘိုးအိုဟန်၏ ကိုယ်ပိုင်တံဆိပ်တုံးကိုယူကာ ငွေသွားထုတ်လေ့ရှိသည်။

မူလကိုယ်ရှောင်ဝမ့်အားမွေးပြီးချိန် လွန်ခဲ့သောနှစ်အနည်းငယ်က သူမကိုလည်း အသုံးစရိတ်ပေးသင့်သည်ဟုဆိုကာ ဟန်ချင်စုန့်အား နှစ်တိုင်းပြဿနာရှာခဲ့သည်။ အဖွားကြီး ဟန်မှာ ထုံးစံအတိုင်းငွေပေးရန်ငြင်းဆိုသဖြင့် ဟန်ချင်စုန့်လည်း သူမနာမည်အား လက်ခံသူနေရာ၌ ထည့်သွင်းပေးခဲ့သည်။ ယင်းနာမည်နှစ်မျိုးလုံးဖြင့် ငွေထုတ်ယူခွင့်ရှိသော်လည်း မူလကိုယ်သည် တစ်ကြိမ်သော်မျှ ထိုအခွင့်‌အရေးမရခဲ့ခြင်းဖြစ်လေသည်။

လင်းလန်သည် ရှောင်ဝမ့်အား‌ဝအောင်စားစေပြီး နောက် အစာကြေနိုင်ရန် လမ်းလျှောက်ထွက်လာခဲ့သည်။

လမ်းကြားတစ်နေရာ၌ စန်းဝမ်နှင့်အတူတူဆော့ကစားနေကြဖြစ်သော ရွာထဲရှိကောင်လေးတစ်ယောက်နှင့် တွေ့လိုက်ရသည်။ သူမ အဆောတလျင်မေးလိုက်သည်။
" ရှောင်နင်၊ စန်းဝမ်ဘယ်မှာလဲသိလား... "

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now