၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 158 1
                                    

Part 107

တဝမ်၏စနက်ကြောင့် ဟန်ကျင်းပေါင်မှာနောက်ဆုတ်ရန်လမ်းမရှိတော့ချေ ။ လင်းလန်သက်ပြင်းချလိုက်မိသည် ။ တဝမ်ကို ငယ်ရွယ်သည်ဟူ၍ အထင်သေး၍မရပေ ။

မူလဇာတ်ကြောင်း ၌ တဝမ်အားဗီလိန်ဖြစ်စေရန်တွန်းပို့သည့် ကိစ္စများစွာရှိနေခဲ့ပြီး လင်းလန်အနေနှင့် တိတိကျကျမမှတ်တော့ပေ ။ သူမကတဝမ်နှင့် ဆက်ဆံရေးအဆင်ပြေသည်ဟု ပြော၍ရသောကြောင့် မေးမြန်းရန်စကားစလိုက်သည် ။

" သားလေး "

တဝမ်က သူ၏အမေထပ်မံစကားများတော့မည့် အရိပ်အယောင်မြင်သောကြောင့် လှည့်မကြည့်ဘဲထွက်ပြေးတော့သည် ။

လင်းလန် "....."

ပထမတွင်အဖွားကြီးဟန်က လင်းလန်သူမအားခံစားရစေရန် ဟန်ကျင်းပေါင်အားတိုင်ချက်ဖွင့်သည်ဟုထင်ခဲ့သော်လည်း အရာရှိလျိုက လင်းလန်မဟုတ်ဟုပြောခဲ့သည် ။ ထိုအစား ဟန်ချင်ဟွ၏ အတန်းဖော်က တရားမဝင်သောလုပ်ရပ်များအား သတင်းပို့ခဲ့သောကြောင့်ဟုပြောပြခဲ့သည် ။

အဖွားကြီးဟန်က စိုးရိမ်စွာနှင့် အာမခံဖြင့်ပိုက်ဆံပေးကာပြန်ထုတ်လာချင်ပါသော်လည်း သူမတွင်ပိုက်ဆံမရှိတော့ပေ ။

မိသားစုပိုက်ဆံတွေအကုန်လုံးကို လင်းလန်ယူသွားပြီလေ!

ဟန်မိသားစုက ချမ်းသာနေရာမှ ရုတ်တရက်ကြီးမွဲပြာကျသွားခဲ့သည် ။ အဖွားကြီးဟန်က လင်းလန်အားဖိအားပေးကာ ဟန်ကျင်းပေါင်အားထုတ်စေချင်ခဲ့သည် ။ သို့သော်လည်း လင်းလန်က မညှာမတာပြောဆိုကာငြင်းလွှတ်ခဲ့သည် ။

အဖွားကြီးဟန် ကလင်းလန်ကို လက်ညိုးထိုးကာပြောဆိုရန်လုပ်တော့သည် ။

" ငါတို့ကမိသားစုတွေဘဲ နင်ဘာလို့လျစ်လျူရူနိုက်ရတာလဲ... နင်ဒီလောက်တောင်စာနာစိတ်မရှိဘူးလား! "

လင်းလန်က ပြန်လည်ချေပပြောဆိုခဲ့သည် ။

" ကိုယ်ဘာပြောနေလဲဆိုတာတောင်သိရဲ့လား ကျွန်မတရားစွဲချင်ပေမဲ့ ဦးလေးနဲ့အစ်ကိုကြီးတို့လင်မယားရဲ့မျက်နှာကြောင့် ကိစ္စတွေကိုအကျယ်မချဲ့ခဲ့တာ ။ ဒါပေမဲ့တိုင်တဲ့လူကတိုင်ထားတယ်လေ ကျွန်မနဲ့ဘာဆိုင်လဲ.... ကျွန်မသားကိုသတ်ဖို့ကြံတဲ့လူကိုကျွန်မ ကယ်ပေးစရာလား "

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now