၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

2K 126 0
                                    

Part 143

ဟန်ချင်စုန့် သစ်များလိုအပ်နေသည်ဟုကြားသောကြောင့် ဟန်ချင်းယွမ်ကအကြံပေးလိုက်သည် ။

" အစ်ကိုချင်စုန့် အိမ်ဆောက်မယ်ဆိုရင် ရွာထဲကနှံကောင်ခြေထောက်ကိုမရှာနဲ့ သူ့လက်ရာကတော်တော်ဆိုးတယ် အစ်ကိုသစ်ကုန်တာဘဲအဖတ်တင်လိမ့်မယ် တောင်ဘက်ပိုင်းကလက်သမားဝမ်ကိုရှာကြည့်ပါလား သူ့ရဲ့လက်ရာကကောင်းတယ်လို့ ဒုတိယအစ်ကိုကထောက်ခံပေးဘူးတယ် "

နှံကောင်ခြေထောက်မှာ ထိုရွာရှိလက်သမား၏အမည်ပြောင်ဖြစ်ပြီးသည် ။ ဝိုင်သောက်ခြင်းကိုအလွန်နှစ်သက်ပြီး နှံကောင်ကြော်နှင့်အမြည်းပြုလုပ်ရသည်ကိုကြိုက်၍ဤသို့ခေါ်ဆိုခြင်းဖြစ်သည် ။

ဟန်ချင်စုန့်တွေးထားသည်နှင့်ထပ်တူပင်ဖြစ်၍ သဘောတူလိုက်သည် ။

" ကောင်းပြီလေ "

" ဒါနဲ့အစ်ကိုက ဘယ်လိုပရိဘောဂမျိုးလုပ်မှာမို့လို့လဲ "

" တစ်စုံလုံးစာဘဲ "

ဟန်ချင်းယွမ်က အံ့သြတကြီးပြောလိုက်သည် ။

" တစ်စုံလုံးစာလား... အစ်ကိုအဲ့တာဆိုရင်အစ်ကို့အိမ်ထဲမှာ ဆံ့မှာမဟုတ်ဘူးနော် "

ဟန်ချင်စုန့်က အလေးအနက်စဥ်းစားပြီးနောက်ပြောလိုက်သည် ။

" ဒါဆိုလဲအိမ်အသစ်တစ်လုံးဆောက်လိုက်တာပေါ့ "

" တတိယအစ်ကိုတစ်ကယ်ကြီးပြောနေတာလား "

တတိယအစ်ကိုက အိမ်အသစ်ဆောက်ဖို့ကိုတောင် လွယ်လွယ်ပြောထွက်သောကြောင့် သူ၏သတ္တိမှာနည်းနည်းနောနောပင်မဟုတ်ချေ ။ ရန်သူတွေကိုချေမူန်းဖို့ ဝူနန်နဲ့ဝူနင်းတို့ ကဲ့သို့ယောကျ်ားရွေးမှန်သည်မှာအထင်အရှားပင် ။

ဟန်ချင်းယွမ် အံ့သြသွားသည်မှာမထူးဆန်းပေ ။ ယခုအချိန်၌ ကျေးလက်တွင်အိမ်ဆောက်ခြင်းသည် မယားနှင့်သားကိုကျွေးမွေးစောင့်ရှောက်ရခြင်းထက် အရေးကြီးသောလုပ်ရပ်ဖြစ်ပြီး ရွာသားများအတွက်လည်းအခက်ခဲဆုံးအလုပ်ဖြစ်သည် ။

ချွေးမတစ်ယောက်ရဖို့အတွက် စပါးတွဲတစ်ရာ ၊ ပိတ်အုပ်တစ်အုပ် ၊ အိမ်သုံးပစ္စည်းအနည်းငယ် ၊ အသားတစ်ပိုင်း တို့နှင့်ချွေတာစားသောက်လျှင်တောင် အသက်ရှင်ရုံမျှသာရှိသည် ။ မည်သို့ပင်ဖြစ်စေ ယောက်ျားတစ်ယောက်ကမိန်းမယူပြီးသည်နှင့် သားတစ်ယောက်မွေးဖွားရန်အခက်အခဲမရှိပေ ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Waar verhalen tot leven komen. Ontdek het nu