၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 157 0
                                    

Part 34

နောက်ဆုံးမှာတော့ လင်းလန် တစ်ဦးတည်းကလေးများကို စောင့်ရှောက်ရန်မဖြစ်နိုင်ကာ ဟန်ချင်စုန့်အား သူမတို့အားကိုးရမည်ဖြစ်သည် ။

ဟန်ချင်စုန့် အလုပ်မထွက်ဖို့ တတ်နိုင်သလောက်ဖြောင်းဖြရမယ်!

မူရင်းဇာတ်ကြောင်းအရ ဟန်ချင်စုန့် အလုပ်ပြောင်းရသည့်အကြောင်းအရင်းမှာ မူလကိုယ်ကသောင်းကျန်းနေကာ အလုပ်တွင်အနှောင့်အယှက်ဖြစ်စေသည့်အပြင် ရာထူးလုသည့်တိုက်ပွဲများအတွင်း၌ ကြားညပ်ကာ ဖြေရှင်းမရတော့ခြင်းဖြစ်သည် ။

အဖွားကြီးဟန် စိုးရိမ်သည်က ဟန်ချင်စုန့် သူမအတွက် ပိုက်ဆံမပေးနိုင်တော့မှာကိုသာဖြစ်ပြီး မူလ လင်းလန်ကတော့ သူမနှင့် ဟန်ချင်စုန့် ကွာရှင်းပြီးသည့်နောက်တွင် ဟန်ချင်စုန့် ကတခြားမိန်းမနှင့်လက်ထပ်မည်ကို စိုးရိမ်ကာ သူမ၏ယောက်ျားကို အပိုင်သိမ်းထားလိုခြင်းဖြစ်သည် ။

ဒါပေမဲ့ သူမကတော့ မူလ လင်းလန်နှင့်ကွာခြားကာ ဟန်ချင်စုန့် ၏ဆုံးဖြတ်ချက်ကိုလေးစားပေးပြီး အပြည့်အဝထောက်ခံမည်ဖြစ်ကာ သူမတို့နှစ်ယောက်သေသေချာချာဆွေးနွေးကြရန်လိုအပ်သည် ။

သူမပင်မအိမ်သို့သွားသည့်အခါတွင် ထူးဆန်းစွာနှင့်ဘဲ အဖွားကြီးဟန် အိပ်ရာမထသေးသောကြောင့် သူမ တစ်အိမ်လုံးကိုပတ်နိူးခဲ့သည် ။ သူမ သန့်စင်ခန်းသုံးပြီးထွက်လာသည့်အချိန်တွင် တစ်အိမ်သားလုံး၏ မျက်လုံးများသည်ပန်ဒါများ ကဲ့သို့မဲနက်နေကာ ညပေါင်းများစွာမအိပ်စက်ခဲ့ရသလိုဖြစ်နေကြသည် ။

ကျစ် သနားဖို့ကောင်းလိုက်တာ!

ဒုတိယချွေးမဟန်တွင် မနေ့ကရန်ပွဲကြောင့်ရခဲ့သည့် ဘုတစ်ခုရှိနေပြီး သူမက ပုံကြီးချဲ့ကာတစ်ခေါင်းလုံးကို ပဝါနှင့်ထုပ်ထားသည်မှာ ပူမှာမကြောက်သည့်အတိုင်းပင် ။

" အမလေး....ငါ့ခေါင်းကနာလိုက်တာ... ငါအလုပ်မလုပ်နိုင်ဘူး "

" မားမား ဘာလို့အပြင်ထွက်လာတာလဲ ဟင် "

အားဝမ်က အပြင်သို့​ပြေးထွက်လာပြီး တစ်ကိုယ်တော်ဇာတ်တိုက်နေသည့် ဒုတိယချွေးမအားနည်းနည်း လေးမှနောက်ကျမခံပေ ။

" မားမား လက်တွေကအရမ်းထိခိုက်ထားတာ အပြင်ထွက်လို့မရဘူးလေ ။ ခဏနေရင်အဖေပြန်လာတော့မှာ "

အားဝမ်က လင်းလန်အား အဖွားကြီးဟန် ကွာရှင်းခိုင်းသည်ကို ဟန်ချင်စုန့်သဘောမတူသောကြောင့် အလွန်ကျေနပ်နေကာ သူ့တွင်အဖေရှိပြီဖြစ်၍ လူတိုင်းအနိုင်ကျင့်၍မရတော့ကြောင်းဂုဏ်ယူစွာပြသလိုသည် ။

သူတို့ကိုလှောင်ပြောင်ပြီး သူ့ရဲ့အမေကိုနှင်ထုတ်ချင်နေတဲ့လူတွေ.... ဟမ့်....ကြည့်နေလိုက်!

ဒုတိယချွေးမက ဟန်ချင်စုန့် ၏နောက်ခံရှိနေသည့်အတွက် အရင်လိုစိတ်လွှတ်ပြီးမပြုမူရဲတော့ဘဲ ခြေဆောင့်ကာ သူမအခန်းသို့ပြန်သွားတော့သည် ။

အကြီးဆုံးချွေးမက ဟင်းချက်ရန်ပြင်ဆင်ပြီးသည့်နောက်တွင် ကလေးများအား အလုပ်ရမှတ်တချို့အတွက် မြက်နူတ်ကြရန်ခေါ်လိုက်သည် ။ အားဝမ် ၊ မိုင်စွေ့ နှင့် စန်းဝမ်တို့ကမြက်အတူတူနူတ်ရမည်ဖြစ်သော်လည်း မိုင်စွေ့က လိုက်မသွားချင်သောကြောင့် လင်းလန်အား အမူအရာတချို့ပြနေသော်လည်း လင်းလန်က မသိချင်ယောင်သာဆောင်နေလိုက်သည် ။

မြက်နူတ်တာက လွယ်ကူတဲ့အလုပ်ဖြစ်ပြီး မိုင်စွေ့ကတခြားကလေးတွေနှင့်အတူ လိုက်သွားရမည်ဖြစ်သည် ။ ထိုအချိန်မှာဘဲ ဟန်ချင်စုန့် ကရေခပ်ကာပြန်ရောက်လာပြီး ဘေစင်အကွဲ ကြီးအားအူကြောင်ကြောင်နှင့်စိုက်ကြည့်နေသောလင်းလန် အားတွေ့လိုက်ရသည် ။

ဟန်ချင်စုန့်က ရေအိုးထဲသို့ရေလောင်းထည့်လိုက်ပြီး လင်းလန်ကိုကြည့်ကာပြောလိုက်သည် ။

" လယ်ကွင်းတွေဘက်မှာ အိမ်အလွတ်နှစ်လုံးရှိတယ်လို့ကြားတယ် မင်းစိတ်မရှိရင်အတူတူ သွားကြည့်ကြမလား "

လင်းလန်က ချက်ချင်းပင်ပြောလိုက်သည် ။

" သေချာပေါက်ကို စိတ်မရှိပါဘူး "

ဘယ်လောက်မကောင်းတဲ့ အိမ်ဖြစ်ပါစေ ဒီနေရာထက်တော့သာမှာဘဲ ။ လင်းလန် အလွယ်တကူသဘောတူလိုက်မည်ဟု ဟန်ချင်စုန့် မမျှော်လင့်ထားခဲ့ချေ ။ သူမ သူ့အပေါ်ပိုပြီးအမြင်ကြည်လာစေရန် ပိုက်ဆံနည်းနည်းပါးပါး သုံးပြီးဖြည့်ဆည်းပေးရမည်ဟုတွေးမိသည် ။

ဟန်ချင်စုန့်က လင်းလန်အား မျက်မှန်ဘူးကိုကမ်းပေးကာပြောလိုက်သည် ။

" ဘောင်တွေက ကွေးကုန်ပြီဆိုပေမဲ့ မှန်ကတော့အသုံးပြုလို့ရသေးတယ် "

သူကပြောပြီးသည်နှင့် ရေပုံးကိုဆွဲကာထပ်ထွက်သွားတော့သည် ။

xxxxxx

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now