၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 155 0
                                    

Part 59

အဖွားကြီးက သူမနှင့် ပြန်ငြင်းခုံချင်သော်လည်း အခွင့်ရေးရှာ၍မရပေ ။

သဘာဝကျစွာပင် လင်းလန်၏ နည်းလမ်းကျကာ တိကျပြတ်သားသော ငြင်းခုန်ချက်များက မျက်စောင်းထိုးကာ သားသမီးဝတ္တရား မကျေပွန်ဟုသာ နင်း ပြောနေတတ်သော အဖွားကြီးနှင့်ကွာခြားပေသည်။သူမကဆက်ပြောလိုက်၏ ။

‘‘မိသားစုထဲက ခွဲထွက်ပြီးသွားပြီဆိုမှတော့ အမှတ်ပွိုင့်တွေကိုလည်း ရှင်းလင်းပြတ်သားတဲ့နည်းနဲ့ ဖြေရှင်းသင့်ပြီ။ဟင်းရွက်ခွဲတမ်းတွေ၊ အစေ့အဆန်‌၊ အိမ်သုံးပစ္စည်း၊ ပြီးတော့ မိသားစုရဲ့ စုဆောင်းငွေရောဘဲ။အိုးးးနောက်ပြီးတော့ ကျွန်မတို့ရဲ့ ဝေစုတွေကိုလည်း သေချာပေါက်ပြန်ယူရလိမ့်မယ်။ တကယ်လို့ကျွန်မတို့သာ ဒါကိုမရလာဘူးဆိုရင် ရှင်က ဆောင်းရာသီ‌ရိတ်သိမ်းပြီးရင် ဒီထက်ပိုများတဲ့ ပမာဏကိုပေးရလိမ့်မယ်’’

‘‘နင်。。。နင်က လူကြီးကိုတောင်ဂရုမစိုက်တော့ဘူး’’

အဖွားကြီးက ပြင်းထန်စွာ အော်ပြောလိုက်လေသည်။

သဘာဝကျစွာဘဲ လင်းလန်က သူမ၏ တည်ငြိမ်နေသာ အရှိန်ဟုန်ကို အဖွားကြီးအားနှောင့်ယှက်ခွင့်ပေးလာမှာ မဟုတ်ပေ။ထို့ကြောင့် သူမက ဆက်ပြောလိုက်လေသည်။

‘‘ပြီးတော့ ကျွန်မကလေးတွေရဲ့ အဖေဆီက ထောက်ပံ့လာတာတွေရောဘဲ။ရှင့်မှာ အနည်းဆုံးတော့ ဒေါ်လာ ၁၈၀၀လောက်တော့ ကျန်နေဦးမယ်လို့ ခန့်မှန်းရတာဘဲ။ အငယ်ဆုံးဦးလေးနဲ့ အဒေါ်တို့ ကျောင်းတက်ဖို့ အတွက်ပေးလိုက်ရတယ်လို့တော့ မပြောလာနဲ့။ ဂရုကိုမစိုက်ဘူး。。。ကျွန်မတို့မှာ လူကြီးနှစ်ယောက်ကို စောင့်ရှောက်ဖို့ဘဲ တာဝန်ရှိတာ。。。အသုံးမဝင်တဲ့ သောက်ကလေးနှစ်ကောင်ရဲ့ နေထိုင်စားသောက်စရိတ်တွေကို ထောက်ပံ့ပေးဖို့မလိုဘူး။ကျွန်မတို့မှာ ပိုက်ဆံမရှိလို့ ကိုယ့်ကလေးအရင်းတွေက ဗိုက်မဝခဲ့သလို နွေးနွေးထွေးထွေးလည်း မနေခဲ့ရဘူး。。。ကျောင်းလည်း မတက်ဖူးသလို နေမကောင်းရင်တောင် ဘယ်တုန်းကမှ ဆရာဝန်ပြခွင့်မရခဲ့ကြဘူး။ဒါဆိုရင် ဘာကြောင့် အခြားသူတွေရဲ့ ကလေးကို ဂရုစိုက်ပေးနေရမှာလဲ။အနည်းဆုံးတော့ ရှင့်လက်ထဲမှာရှိနေတဲ့ထဲက ၃၀၀လောက်ကိုတော့ ပေးရမယ်’’

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now