၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 143 0
                                    

part 135

အဖွားကြီးဟန်က ချက်ချင်းပင်အခွင့်ကောင်းဝင်ယူတော့သည် ။

" ဟုတ်တယ် တတိယလေးမင်းရဲ့ဇနီးကလဲဝင်ပြောပေးနေတာဘဲ သူမလဲစိတ်မဆိုးတော့ဘူးတွေ့လား "

ဟန်ချင်စုန့်က အာဏာအလွဲသုံးစား လုပ်၍ထုတ်မပေးချင်ချေ ။

" နိုင်ငံတော်မှာ နိုင်ငံတော်ရဲ့ဥပဒေရှိပြီး တပ်မတော်မှာ စစ်ဘက်ဆိုင်ရာစည်းကမ်းတွေရှိတယ် ဘယ်သူမှ ကိုယ်ရေးကိုယ်တာစီးပွားရေးအတွက် ဥပဒေကိုမျက်ကွယ်ပြုပြီး လာဘ်ပေးလာဘ်ယူလုပ်လို့မဖြစ်ဘူး ဒါတွေကပြည်သူ့ဝန်ထမ်းတစ်ယောက်သိသင့်တဲ့အခြေခံအချက်တွေဘဲ ချိုးဖောက်ခဲ့ရင် ဘယ်လောက်ဘဲရာထူးကြီးနေပါစေ သေချာပေါက်အရေးယူခံရလိမ့်မယ် "

အဖွားကြီးဟန်က တစ်ခုခုပြောလိုသောပုံစံဖြင့် ပါးစပ်ဟလိုက်ပါသော်လည်း မည်သို့ဆက်လက်ပြောဆိုရမည်မသိချေ ။ ဟန်ချင်စုန့် သူမစကားအားနားမထောင်သောကြောင့် ပြစ်တင်ပြောဆိုချင်သော်လည်း သူမကသာ လူအများရှေ့၌ ဥပဒေချိုးဖောက်ရန်တိုက်တွန်းပြောဆိုသောသူဖြစ်နေသည် ။

ယုဝူဇီ ကလည်း ခေါင်းဆောင် တစ်ယောက်ဖြစ်ရက်နှင့် သူ၏သွေးသားရင်းနှင့် တစ်ရွာတည်းသားချင်းကိုပင် မကူညီဟုအော်ဟစ်နေဆဲပင် ။

ဟန်ချင်စုန့်၏ မျက်နှာထားမှာဒေါသထွက်လွန်း၍ အလွန်အေးစက်နေပြီဖြစ်သည် ။

" ခင်ဗျားတို့ဘဲ ခေါင်းဆောင် ဝင်လုပ်လိုက်ကြပါတော့လား "

" နင်...နင်...ဘာလို့ဒီလိုပြောရတာလဲ "

ဟန်ချင်စုန့်က မျက်ခုံးတစ်ချက်ပင့်ကာပြောလိုက်သည်

" အတည်ပြောနေတာလေ "

လင်းလန်က အကျယ်ကြီးအော်ရီချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည် ။

သူတို့က ဟန်ချင်စုန့်လို လူမျိုးနဲ့လာရူပ်ချင်ကြတာပေါ့လေ!

ပွဲကြီးပွဲကောင်းကြည့်ရတော့မှာဘဲ...

ထိုအချိန်တွင် လုံခြုံရေးညွှန်ကြားရေးမူးလည်း ကွန်မြူနတီမှပြန်ရောက်လာပြီး လူအုပ်ကြီးအယးတွေ့၍မေးမြန်းရန်ရောက်လာသည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်On viuen les histories. Descobreix ara