၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 129 0
                                    

Part 151

အသားရှိကြောင်းကြားသည့်အခါ ကလေးတွေ အပျော်လွန်ပြီး  အော်ဟစ်ကာ အခြားသူများကို မနာလိုဖြစ်အောင် လုပ်မိမှာစိုးသည့်အတွက် သူမ ထုတ်မပြောဘဲ စားသောက်ပြီးမှပဲ  အသားကို ပြုလုပ်ဖို့သူမတွေးလိုက်၏။  ရေခဲသေတ္တာမရှိသဖြင့် အသားများ ပုပ်သွားမှာစိုးရသည် ။အခြေခံအားဖြင့် အပိုင်းပိုင်းတစ်ကာ မွှေကြော်ပြီး ဆီပြန်လာသည်အထိချက်ရပေသည်။  ဆားနှင့်ရေမထည့်သရွေ့ ကျန်ရှိသည်များက ဖြည်းဖြည်းချင်း စားလျှင်ပင်ပုတ်မသွားပါချေ။

    သူမပြုံးနေသည်ကိုမြင်သောအခါ ဟန်ချင်စုန့် အသားက အပေးအယူကောင်းတစ်ခုခံစားရပြီး သားသတ်ရုံခေါင်းဆောင်ကိုပင် ကျေးဇူးတင်မိသွား၏။

    သူပြန်လာသည်ကိုမြင်ရာတွင် အစားကိုအာရုံမစိုက်ဘဲ ရေဒီယိုလုနေကြသည့် ကလေးများက  ချက်ချင်းအဆင်ပြေသလို ဟန်ဆောင်ကာ အဖေဟု နှုတ်ဆက်ပြီး ကမန်းကတန်းစားကြလေသည်။

    လင်းလန်က ဟန်ချင်စုန့် ပြန် ယူလာသည့်စားစရာကို စားပွဲပေါ်တင်လိုက်ပြီး "စားသောက်ဆိုင်ထဲက အစားအသောက်က ငါတို့ထက် ပိုကောင်းသလား ကြည့်ရအောင်  "

    စန်းဝမ်က ကျေနပ်စွာပြောလိုက်၏။

" စားသောက်ဆိုင်က  အစားအသောက်မှာ အသားဖတ်တွေပါပြီး ဆီတွေရွှဲနေတာပဲ"

    လင်းလန်က ကလေးတွေကို ဟန်ချင်စုန့်  မှာထားသည့် အစားအသောက်ကို စားခိုင်းလိုက်သည်။

    ဟန်ချင်စုန့်က ကောက်နှံတွေကို  တိုင်ကီထဲထည့်ကာ လက်ကိုဆေးပြီး ထမင်းလာစားလေ၏။

    လင်းလန်က ရွှေဖရုံသီးပန်ကိတ်အပြင် ပုစွန်အရေခွံ ကြက်ဥနှပ်လည်းချက်ထားသည်။  ဆောင်းဦးတွင် ဟင်းသီးဟင်းရွက်များ ပိုပိုရှားပါးလာပြီး စိုက်ခင်းထဲတွင်  ဟင်းသီးဟင်းရွက်များနည်းပါးလာခဲ့၏။ဤရက်ပိုင်းမှာ သူ ရွှေဖရုံသီး၊ မုန်လာဥ၊ ဂေါ်ဖီထုပ်နှင့် အခြားအရာများကိုသာ စားနိုင်ခဲ့သည်။

   

လင်းလန်က ပြောလာ၏။

"စက်ဘီးစီးပါလား... လမ်းမလျှောက်နဲ့လေ "

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now