၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 152 0
                                    

Part 43

သုံးရက်ကြာပြီးနောက် ပြင်ဆင်လို့ပြီးသွားပြီဖြစ်သော ကြောင့် မိသားစုတစ်ခုလုံးက ထုတ်ပိုးကာ အိမ်ပြောင်းဖို့လုပ်ကြလေ၏။

သူတို့၏အိမ်အသစ်တွင် သံအိုးများနှင့် အခြားအိမ်သုံးပစ္စည်းများမရှိသေးသောကြောင့် သူတို့အနေဖြင့် စားဖို့အတွက်‌ အိမ်ဟောင်းကိုဘဲ ပြန်သွားနေရမှာဖြစ်သည်။

သူတို့နေ့လည်စာစားဖို့ ပြန်ရောက်လာသောအခါ ဒုတိယယောင်းမတို့မိသားစုက အိမ်၏အရှေ့ဘက်ပိုင်းဆီသို့ ပျော်ပျော်ရွှင်ရွှင်ပင် ပြောင်းရွှေ့သွားကြပြီဆိုတာကို သိလိုက်ရပေသည်။

‘‘အိုးးး နောက်ဆုံးတော့ ငါတို့ကအခန်းတစ်ခန်းထဲမှာ ကျပ်ကျပ်သိပ်သိပ်နေစရာမလိုတော့ဘူး’’

ဒုတိယယောင်းမက သူမငယ်ရွယ်ပြီးကြင်စဦးဖြစ်နေချိန်တုန်းကတောင် သူမအခုဖြစ်နေသလို ဘယ်တုန်းကမှ မပွင့်လင်းခဲ့ဖူးပေ။

သို့သော်လည်း လက်ထပ်လိုက်ပြီးနောက်ပိုင်းတွင် သူမကယဉ်ကျေးသိမ်မွေ့နေဖို့ကို လက်လျှော့လိုက်လေသည်။ဘယ်လိုဘဲဖြစ်ဖြစ်  ဒီလိုလူတွေနားမှာ ယဉ်ကျေး‌ပြနေလို့ဘာထူးမှာမို့လို့လဲ။သူမ၏ မချေမငံဖြစ်နေသောပုံစံအစား အခြားသူများအား သူမ၏ဆက်ဆံရေးတင်းမာမှုကို ခံစားစေလိုက်မယ်လို့ ဆုံးဖြတ်လိုက်လေသည်။ပြီးတော့ အမှန်အတိုင်းပင် သူမထိုသို့ပြုမူလိုက်သောအခါ အကြီးဆုံးအကိုနှင့်သူ့ဇနီးက  မကောင်းသောခံစားချက်များကြောင့် မလိုအပ်ဘဲလှုံ့ဆော်မှုများမဖြစ်သွားအောင် မကြာခဏပင်သူမနှင့် အဝေးမှာရှောင်နေကြပေသည်။

ဒုတိယယောင်းမက အကြီးဆုံးစုံတွဲက လင်မယားများ၏ဆက်ဆံရေးလို အတူမရှိသေးတာကို ‌သိလိုက်ရတဲ့နောက်တွင် သူမကဝင့်ကြွားစွာ ‌ကျေနပ်ပီတိဖြစ်သွားခဲ့ပေသည်။သူမအပေါ်တွင် ဟန်ကြီးပန်ကြီးလုပ်ကာ စိတ်ကြီးဝင်နေခဲ့တာကို အသိတရားရစေဖို့အတွက် သူမကတမင်တကာပင် အကြီး‌ဆုံးယောင်းမအား သူ့မခံနိုင်ရည်ဂိတ်ဆုံးထိရောက်အောင် တွန်းအားပေးခဲ့လေသည်။

မိန်းမများက စားပွဲပေါ်တွင် ထိုင်နေကြချိန်တွင် ဟန်ချင်စုန့်က သူ့အမေဆီကို စကားပြောဖို့အတွက် သွားလိုက်လေသည်။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now