၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 130 0
                                    

Part 125

ပထမချွေးမဟန်က သက်ပြင်းချကာပြောလိုက်သည် ။

" တတိယလေး သွားစရာရှိတာမြန်မြန်သွားတော့လေ.... အမေအခု ထမင်းစားချိန်ရောက်နေပြီ "

တစ်နေကုန် ငိုယိုအော်ဟစ်ဆူညံနေကာ အမြဲတစေပြဿနာ တိုင်း၏အရင်းအမြစ်မှာ တတိယမိသားစုသာဖြစ်နေတတ်သည် ။ သို့သော်လည်း တတိယမိသားစုက အိမ်ခွဲထွက်သွားပြီဖြစ်၍ အဖွားကြီးဟန်၏ အရည်မရအဖတ်မရစကားများအား တစ်အိမ်လုံးခါးစည်းခံနေကြရသည် ။

ဟန်ချင်စုန့် ထွက်သွားသည်နှင့် အဖွားကြီးဟန်က သူမ၏သားအားလုံးဝထိန်းချုပ်မရတော့ဘဲ ဆုံးရူံးသွားရသလို ခံစားလိုက်ရသည် ။ ဟန်ချင်စုန့်က တပ်မဟာသို့သွားသည့် လမ်းတစ်ဝက်တွင် တခြားမိန်းမတစ်ဦး၏တားဆီးခြင်းအားခံရပြန်သည် ။

ထိုမိန်းမက ငိုယိုထားသောကြောင့် မျက်ရည်များဖြင့်ပြောလိုက်သည် ။

" အစ်ကိုဟန် ကျေးဇူးပြုပြီး ကျွန်မရဲ့အစ်ကိုကို လွှတ်ပေးပါလား.... သူက ခဏတာစိတ်ယိုင်သွားပြီး အမှားလုပ်မိတာပါ နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူးလို့ ကျွန်မအာမခံနိုင်ပါတယ်.... သူ့ကိုသာလွှတ်ပေးမယ်ဆိုရင် အစ်ကိုဟန်ဘာဘဲပြောပြော ကျွန်မလုပ်ပေးပါ့မယ် "

သူမက ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဟန်ချင်စုန့်၏ အကျီလက်အားလှမ်းဆွဲလိုက်သည် ။ ဟန်ချင်စုန့်က သူမ၏လက်အားရိုက်ချလိုက်ကာ စိတ်မရှည်နေသောလေသံဖြင့်ပြောလိုက်သည် ။

" အစ်မကြီးတစ်ခုခုပြောစရာရှိရင် အုပ်ချုပ်ရေးမူးဆီတိုက်ရိုက်သွားသင့်တယ် "

အစ်မကြီးဟုခေါ်ဝေါ်သောစကားမှာ ကျေးလက်ဒေတွင်လက်ထပ်ပြီးမိန်းမများအားခေါ်ဝေါ်သည့်အခါ၌အသုံးပြုသည် ။ အမျိုးသမီးများက တစ်ယောက်နှင့်တစ်ယောက် ယောင်းမဟုရင်းနှီးစွာခေါ်ဝေါ်ကြသည် ။ ဤသို့အသုံးပြုလိုက်ခြင်းဖြင့် ဟန်ချင်စုန့်က ထိုအမျိုးသမီးအား လုံးဝမသိကြောင်းထင်ရှားနေသည် ။

ဟန်ချင်စုန့် ထွက်သွားသည့်နောက်တွင် လုချွမ်းဖန် ကသူမ၏မျက်နှာကိုအုပ်ရင်း ငိုယိုကာပြေးထွက်သွားတော့သည် ။ ယုဝူဇီက သူမ၏သားအား ဟန်ချင်စုန့်မလွှတ်ပေးသောကြောင့် ငိုနေဆဲဖြစ်ကာ မည်သူမှလည်းအကြံကောင်းမပေးနိုင်ခဲ့ပေ ။ သို့သော်လည်း သူမက လင်းလန်အားသွားတွေ့ကာ သနားညှာတာပေးရန် တောင်းဆိုချင်ခဲ့သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now