၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 158 0
                                    

Part 87

ရွာထဲရှိသာမန်မိသားစုများကဲ့သို့ အမျိုးသားများကအလုပ်လုပ်ကြပြီး ရရှိသည့်ရိက္ခာနှင့်ပိုက်ဆံများအား မိန်းမများထံအပ်နှံကြသည် ။ ယောက်ျားသားများက အိမ်မူကိစ္စများတွင်ဝင်ရောက်စွက်ဖက်ခြင်းမရှိကြဘဲ လင်းမိသားစုအနေဖြင့် သားများနှင့်သမီးများကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်တူညီမျှပင်ဖြစ်သည် ။

အစ်ကိုကြီးလင်းသည် ကြင်နာတတ်ကာညီမများအပေါ် အလိုလိုက်ပြီးရိုအသည့်သူဖြစ်ကာ သူ၏ဇနီး ပထမချွေးမသည် နှစ်အနည်းငယ်ကျောင်းတက်ဖူးသည်ဖြစ်၍ စဥ်းစားတွေးခေါ်နိုင်ကာ လင်းမိသားစုသည်လည်း သူမအပေါ်မတရားမဆက်ဆံ၍ ယောက္ခ်မများနှင့်ဆက်ဆံရေးကောင်းမွန်သည် ။

ဒုတိယချွေးမဖြစ်သူ တန်ဟဲဟွ၏ မိသားစုနောက်ခံသည် အခြေအနေမဆိုးသောကြောင့် သူမသည်သူမကိုယ်သူမ တခြားသူများထက်သာလွန်နေသည်ဟု မှတ်ယူထားကာ ဒုတိယအစ်ကိုလင်းမှာ သူမပြောသမျှနာခံရသည့် မိန်းမကြောက်ဖြစ်သည် ။

လင်းလန်အနေဖြင့် လင်းမိသားစု၏အခြေအနေအားအကဲခတ်ပြီးသည့်နောက်တွင် အရမ်းကြီးမဆိုးဝါးသေးသရွေ့ ပုံမှန်တိုင်းနေထိုင်မည်ဖြစ်ကာ သူမအားအနိုင်ကျင့်လာခဲ့မည်ဆိုလျှင်တော့ နူတ်ဆက်ရမည့်အချိန်ရောက်လာမည်ဖြစ်သည် ။

" အမေကသမီးကိုအမြဲတမ်း ကြိုးဆွဲချဖို့နဲ့ မြစ်ထဲခုန်ချဖို့ဘဲပြောနေခဲ့တာ သမီးတကယ်သေသွားရင် ဘယ်လိုလုပ်မလဲအမေတွေးဖူးလား "

မူလလင်းလန် ပိုးသတ်ဆေးသောက်ပြီး သတ်သေဖို့ကြံသည်အား အဖွားကြီးလင်း မသိသေးပေ ။

" နင်ဘာတွေပြောနေတာလဲ ဒီနေ့ကငါ့ရဲ့မွေးနေ့ နမိတ်မကောင်းတာတွေမပြောစမ်းနဲ့ "

လင်းလန်က ဘာမှဆက်မပြောတော့ဘဲ အခန်းထဲသို့သာလျှောက်သွားတော့သည် ။ လင်းအိမ်သည်ဟန်အိမ်ထက်သေးငယ်လေသည် ။ ဟန်မိသားစုအိမ်တွင် အခန်းထဲ၌အနွေးကုတင်ရှိကာ အခန်းသည်လည်းအနည်းငယ်ကျယ်ဝန်း၍ပစ္စည်းပစ္စယများ သိုလှောင်နိုင်ကာ လင်းအိမ်တွင်တော့ အရှေ့ဘက်အခန်းတွင်သာအနွေးကုတင်ရှိပြီး အခန်းများသည်လည်း အသက်ရူချောင်ရုံစာမျှသာဖြစ်သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now