၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 162 0
                                    

Part 95

မိသားစုခွဲထွက်ကြစဥ်က သူမ ကြက်များမလိုချင်ခဲ့သော်လည်း ယခုမူယူနိုင်သည့်အခွင့်အရေးရှိလာပြီဖြစ်၍သေချာပေါက်ကိုယူမည်ဖြစ်သည် ။ ခြင်းအားအိမ်တံခါးအပြင်တွင်ချထားခဲ့ပြီး အိမ်ထဲပြန်ဝင်လာခဲ့သည် ။

ကြက်များလန့်သည့်အသံကြားသောအခါတွင် အိမ်ထဲရှိလူတိုင်းထွက်လာကည အခြေအနေကိုစပ်စုကြလေသည် ။

ဟန်ကျင်းယု ထွက်လာသည့်အခါတွင် လင်းလန်က သူ၏ပါးအားခပ်ပြင်းပြင်းတစ်ချက်ရိုက်ချရင်းပြောလိုက်သည် ။

" နင်ကမှကျေးဇူးမသိတတ်တဲ့မြေခွေးမ ငါ့ယောက်ျားရဲ့ပိုက်ဆံတွေကိုလဲ နင်တို့တစ်မိသားစုလုံး ကသုံးသေးတယ် ငါ့အကြောင်းကိုလည်းနောက်ကွယ်မှာမကောင်းပြောနေသေးတယ် နင်တို့တစ်မိသားစုလုံးကမှမြေခွေးတွေ "

" နင်...နင် ငါ့ကိုရိုက်ရဲတယ် "

ဟန်ကျင်းယု ကလင်းလန်ကို ပြန်ရိုက်ရန်ကြိုးစားခဲ့သော်လည်း လင်းလန်၏ပြိုင်ဘက်မဟုတ်ခဲ့ပေ ။ ပထမချွေးမဟန်က ဝင်ကူညီမလိုမကူညီရမလိုနှင့်တွန့်ဆုတ်နေခဲ့ကာ ကလေးများကတော့ သူမ၏နောက်တွင်ဝင်ပုန်းနေခဲ့ကြသည် ။

လင်းလန်က ကျင်းယု အားစိတ်ကြိုက်ရိုက်နှက်ပြီးသည့်နောက်တွင် ခြင်းအားဆွဲကာ ကြက်ဥများယူရန်ဝင်သွားတော့သည် ။

" မိသားစုခွဲတုန်းက ကြက်တွေနဲ့ကြက်ဥတွေကို မိသားစုတွေစားဖို့အတွက် ငါယူဖို့မတောင်းဆိုခဲ့ဘူး ဒါပေမဲ့ ငါ့သားကိုတောင်ရိုက်ရလောက်တဲ့အထိ စတုတ္ထလေးက ငါတို့မိသားစုကိုအလွတ်မပေးနိုင်သေးဘူး ငါ့လမ်းကိုလာပိတ်နေတဲ့လူဆိုရင် သေတာထက်ဆိုးအောင်ခံစားရမယ်လို့ ငါပြောထားပြီးသား "

ကြက်များအားယူပြီးသော်လည်း လင်းလန်သည်ဒေါသမပြေသေးဘဲ နံရံပေါ်တွင်ချိတ်ထားသည့် ပုဆိန်အား တွေ့သွားခဲ့သည် ။

" တတိယလေးရဲ့ဇနီး... "

ဒုတိယချွေးမဟန်က အိုးများအားလိုက်ခွဲလိုက်မည်ကို အလွန်လန့်နေခဲ့သည်။ သူမကိုယ်တိုင်လည်း ဝင်မတားရဲသောကြောင့် ပထမချွေးမအားပြောလိုက်သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now