၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 137 0
                                    

Part 128

လင်းလန်က စန်းဝမ်၏အမာရွတ်ကြောင့် သနားစိတ်ဝင်သွားကာ ပြောလိုက်သည် ။

" ကောင်းပြီ...စန်းဝမ်အကြိုက်ချက်စားရအောင် "

အိမ်တွင်ကြက်မသုံးကောင်ရှိသောကြောင့် ကြက်ဥကုန်သွားမည်အား စိတ်ပူစရာမလိုသော်လည်း ဆီအတွက်တော့သူမတစ်ခုခုကြံစည်ရမည်ဖြစ်သည် ။

သူမချက်ပြုတ်နေသောအချိန်အတွင်း ကလေးများကရေဒီယိုနှင့်ဆော့ကစားနေကြသည် ။ အချိန်ကြာလာသည်နှင့် အမျှအသံထွက် တဂျစ်ဂျစ်ဖြစ်လာပြီး နောက်ဆုံးတွင်စက်ပိတ်သွားတော့သည် ။

အားဝမ်က မိုင်စွေ့ အားအပြစ်ပြောနေခဲ့သည် ။

" အစ်မ ကြွားဖို့ထုတ်လာပြန်ပြီလား "

မိုင်စွေ့၏ ပါးပြင်များနီရဲလာသော်လည်း ဝန်ခံရန်ငြင်းဆိုခဲ့သည် ။

" မဟုတ်ပါဘူး ငါတစ်နေကုန်မြက်နုတ်နေတာလေ ဘယ်မှာထုတ်ဖို့အချိန်ရှိလို့လဲ "

စန်းဝမ်းက ခရမ်းချဥ်သီးတစ်လုံးအားကိုက်လိုက်ကာ ပြောလိုက်သည် ။

" ဒုတိယအစ်မက ရေဒီယိုကိုယူထုတ်လာပြီး ယုရုံ ၊ မန်မန်တို့နဲ့အတူတူနားထောင်နေကြတာမဟုတ်ဘူးလား "

မိုင်စွေ့က ဒေါသထွက်သွားကာ စန်းဝမ်အားပြေးရိုက်တော့သည် ။

" နင်ဘာလို့နေရာတကာ ဝင်ပါနေတာလဲ "

စန်းဝမ် ထွက်ပြေးတော့သည် ။ ထိုအချိန်မှာပင် တဝမ်က သစ်ကိုင်းကြီးတစ်ကိုင်းအား စက်ဘီးပေါ်တင်ကာပြန်ရောက်လာခဲ့သည် ။ ဆောင်းဦးနှောင်းပိုင်း၌ အချို့ကျေးရွာများတွင် သစ်ပင်အချို့ကိုခုတ်လှဲကြ၍ သစ်ကိုင်းများအားထင်းစိုက်ရန် သွားရောက်ယူဆောင်နိုင်သည် ။

စန်းဝမ်က တဝမ်နောက်တွင် ဝင်ပုန်းကာပြောလိုက်သည် ။

" အစ်ကိုကြီး... ကယ်ပါဦး...ဒုတိယအစ်မက သားကိုသတ်မလို့လုပ်နေတယ် "

တဝမ်က မိုင်စွေ့ကိုကြည့်လာသောကြောင့် သူမက နူတ်ခမ်းဆူရင်းပြောလိုက်သည် ။

" သူပေါက်ကရတွေလျှောက်ပြောနေတာ "

" သားပေါက်ကရပြောတာမဟုတ်ပါဘူး ဒုတိယအစ်မ ခဏခဏထုတ်ပြတာသားမြင်သားဘဲ "

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now