Chapter 3

59.9K 6.3K 106
                                    

Unicode

အမတ်ကြီးက သူပြောလက်စ စကားကိုဆက်ပြောလေသည်။

"မြောက်ပိုင်းက လူတွေက ထူးဆန်တဲ့ အကျင့်စရိုက်ရှိတဲ့လူတွေ သူတို့က ဒဏ္႑ာရီတွေကိုယုံကြတယ်။ သူတို့်ဆီမှာ ဟိုးနှစ်ထောင်ချီကတည်းက လက်ဆင့်ကမ်းလာတဲ့ နှင်းတောင်သွေးဖြူဝံပုလွေတွေနဲ့ ပတ်သက်တဲ့ယုံကြည်မှုတစ်ခုရှိတယ်''

လင်းမိုက အနည်းငယ်အံ့အားသင့်သွားဟန်ဖြင့်ပြန်မေးလေသည်။

"နှင်းတောင်သွေးဖြူဝံပုလွေဆိုတာက သာမန်ဝံပုလွေပဲမဟုတ်ဘူးလား'' လင်းမိုရဲ့စိတ်ထဲမှာတော့ မြောက်ပိုင်းသားတွေက ရိူးရိူးသာမန်ဝံပုလွေကိုပင် အထူးအဆန်းနာမည်လုပ်ပြီးပေးထားသည်ဟု ထင်နေသည်။

"မဟုတ်ဘူး အရှင်.. နှင်းတောင်သွေးဖြူဝံပုလွေ တွေက သာမန်ဝံပုလွေတွေထက် အစွမ်းရှိပြီး အသိဉာဏ်လည်း ရှိတယ်။ နှင်းတောင်ဝံပုလွေတွေရဲ့အစွမ်းနဲ့ပတ်သက်ပြီး မြောက်ပိုင်းမှာတော့ အမျိုးမျိူးပြောကြတာပဲ။ တစ်ချိူ့ဆို နှင်းတောင်ဝံပုလွေက သေရာကနေ ပြန်ရှင်လာအောင် လုပ်နိုင်တယ်လို့ကို ယုံကြည်ကြတယ်။ ဒါပေမယ့် နှင်းတောင်သွေးဖြူဝံပုလွေက အလွန်ရှားပါးပြီး သူတို့စောင့်ရှောက်ရမယ့် သူမွေးဖွားလာမှ ပဲ သူတို့လည်း ပေါ်လာတယ်။ ပြီးတော့သူတို့စောင့်ရှောက်မယ့်သူကလည်း ဆယ့်ခြောက်နိုင်ငံကို အုပ်စိုးမယ့်ဘုရင်လို့ မြောက်ပိုင်းသားတွေကယုံကြည်ကြတယ်''

လင်းမိုကတော့ ထူးထူးဆန်းဆန်း ဒဏ္႑ာရီကို ကလေးတွေညအိပ်ချော့သိပ်သည့် ပုံပြင်လောက်သာ သဘောထားသည်။ ထို့ကြောင့်လည်း သူက အမတ်ကြီးကို ပြန်မေးလိုက်သည်။

"အဲ့ဒီနှင်းတောင်သွေးဖြူဝံပုလွေ ဒဏ္႑ာရီက ကိုယ်တော် မြောက်ပိုင်းကို သွားသိမ်းမယ့် ကိစ္စနဲ့ ဘယ်လိုပတ်သက်တာလဲ''

အမတ်ကြီးကလည်း မျှော်လင့်ထားသောမေးခွန်းအမေးခံရသည်မလို့ သူစိတ်ပူနေသည့်အရာကို အမှန်တိုင်းပဲ လျှောက်တင်လိုက်သည်။

"အရင်ကတော့ နှင်းတောင်သွေးဖြူဝံပုလွေကို ဘယ်သူမှမမြင်ဖူးကြဘူးဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပိုင်းတွေကစပြီး မြောက်ပိုင်းရေခဲလွင်ပြင်မှာ နှင်းတောင်သွေးဖြူဝံပုလွေတစ်ကောင်ကျက်စားနေတယ်လို့ ကောလဟာလတွေထွက်လာတယ်။ တကယ်လို့ နှင်းတောင်သွေးဖြူဝံပုလွေ သတင်းသာအမှန်ဆိုရင် အရှင့်ကို ပိုပြီးဂရုစိုက်စေချင်တယ်။''

The True Conqueror [Complete]Where stories live. Discover now