Chapter 35.5

61.2K 5.6K 319
                                    

Unicode

35 ⏪.⏩ 36 (35နဲ့ 36 ကြားက ပွိုင့်လေးပါ)😂မနက်ဖြန်မှတင်ရင် နောက်နှစ်ကူးသွားမှာစိုးလို့ 2019မှာပဲ တင်ပေးလိုက်ပါပြီ။

လီချန်းယုံသည် လင်းမို၏ နှုတ်ခမ်းကို ဖွဖွလေးနမ်းရှိုက်လိုက်သည်။ ဆေးအစွမ်းကို ခုခံထားသောကြောင့် လင်းမို၏ နှုတ်ခမ်းမှာ သွေးစက်တို့စွန်းပေနေသည်။ လီချန်းယုံက ထိုသွေးစက်တို့ကို လျှာဖျားလေးဖြင့် သပ်ပေးပြီး လင်းမိုကို ထပ်နမ်းသည်။

"ငါတောင်းပန်ပါတယ်...မင်းကိုယုံကြည်ခဲ့သင့်တာ။ နည်းနည်းလေးဖြစ်ဖြစ် ရှင်းပြခွင့်ပေးခဲ့သင့်တာ။ ငါ့ရဲ့မာနကိုပဲရှေ့တန်းတင်မိတယ်''
လီချန်းယုံက သူနမ်းရှိုက်နေသော လင်းမို၏ နှုတ်ခမ်းကို လွှတ်ပြီး တိုးတိတ်စွာ တောင်းပန်စကားဆိုသည်။

"ငါမှားတာပါ။ မင်းကိုပစ်ထားခဲ့မိတယ်။ ချန်းယုံ...နောက်တစ်ကြိမ်ဆိုရင် ...''
လင်းမို၏ စကားတို့်ကို အဆုံးသတ်ခွင့်မရလိုက်။

လီချန်းယုံက ဖြတ်ပြီးပြောလိုက်သည်။
"နောက်တစ်ကြိမ်ဆိုတာရှိချင်သေးတာလား''

"မရှိစေရဘူး...''
လင်းမိုက လီချန်းယုံကိုရီဝေစွာ စိုက်ကြည့်ပြီး ပြောသည်။ ရက်ပေါင်းများစွာ ဝေးကွာနေခဲ့ရသော လီချန်းယုံ၏ နှုတ်ခမ်းရဲရဲလေးက ယခုမှ ပိုပြီး ညို့ငင်အားကောင်းနေသယောင်ယောင်။

လင်းမိုက စိတ်မထိန်းနိုင်တော့ဟန်ဖြင့် လီချန်းယုံ၏ခါးကိုဆွဲဖက်ပြီး သူ၏ ပေါ်ပေါ်တွင် ထိုင်စေသည်။ လီချန်းယုံက အလိုက်သင့်ပင် လင်းမို၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

ခါတိုင်းဆို ဖက်ထားသည်ကိုပင် အနေခက်စွာ ရုန်းကန်တတ်သော ဝံပုလွေဖြူလေးသည် လင်းမို၏ ရင်ခွင်ထဲသို့ အလိုက်သင့် ဝင်ရောက်လာသည်။

လင်းမိုက လီချန်းယုံ၏ ခါးကိုတင်းကြပ်စွာဖက်လိုက်ပြီး နူးညံ့စွာပြောလေသည်။
"ချန်းယုံ...ငါ့ကိုလွမ်းနေတာလား''

လီချန်းယုံက ပြန်မဖြေပေ။ လင်းမိုအတွက် အဖြေလည်းမလိုအပ်ပေ။ လီချန်းယုံ၏ ပန်းရောင်ရင့်ရင့်သို့ ပြောင်းသွားသော ပါးပြင်ကသာ ပြီးပြည့်စုံသော အဖြေဖြစ်နေချေသည်။

The True Conqueror [Complete]Where stories live. Discover now