Chapter 47

40.5K 4.9K 195
                                    

Unicode

နောက်နေ့မနက်တွင် ယန်နန်းတော်သည် မနက်ခင်းအစောကတည်းက သက်ဝင်လှုပ်ရှားနေသည်။ မြို့အစွန်က တောအုပ်တွင် ကျင်းပမည့် ဟန်ယန်းတောအမဲလိုက်ပြိုင်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

တောင်ပိုင်းဘုရင်ကြီး၏ အိပ်ဆောင်တွင် လင်းမိုသည် လီချန်းယုံကို ကိုယ်တိုင်ကိုယ်ကျ ဝတ်ရုံဝတ်ဆင်ပေးနေလေသည်။ သူက ခါးစည်းကြိုးကိုချည်ပေးပြီး စိတ်မသက်မသာစွာ ပြောလေသည်။

"ချန်းယုံ... မင်းအခုမသွားရင်မှီသေးတယ်နော်''

လီချန်းယုံက သူ၏ ချွန်ထက်သော နှာခေါင်းကို ရှုံ့ပြီး ပြန်ပြောသည်။
"မင်းဘယ်လိုဖြစ်နေတာလဲ...မနေ့ကညီလာခံမှာငါ့ကိုအကဲစမ်းသလိုကြည့်နေတဲ့ မျက်လုံးတွေကို မတွေ့ဘူးလား။ ငါသာ သတ္တိကြောင်ပြီး မသွားရင် ဘယ်လိုများကဲ့ရဲ့ကြမလဲမသိဘူး''

လင်းမိုသက်ပြင်းချလိုက်သည်။ သူလီချန်းယုံကို ကောင်းကောင်းသိသည်။ သည်လိုမာနမျိုးနှင့် တစ်ပါးသူ၏ အကြည့်နှင့် ကဲ့ရဲ့မှုတို့ကို ခံယူမည့်သူမဟုတ်ချေ။

"ဂရုစိုက်...မင်းဆီမှာပွန်းရာလေးပဲပါခဲ့ရင်တောင် အဲ့ဒီတောတစ်ခုလုံး ငါမြေလှန်ပစ်နိုင်တယ်ဆိုတာ မမေ့နဲ့''

"အင်း...''
လင်းမို၏ သြဇာအပြည့်ပါသော အသံက လီချန်းယုံ၏ ရင်ကို နွေးထွေးသွားစေသည်။ သည်လို လူမျိုး၏ အစောင့်ရှောက်ခံ၊ အကာကွယ်ခံဖြစ်ရန် မိမိသည် အရင်ဘဝက မည်သို့သောကောင်းမှုမျိုးကို ပြုခဲ့ပါလိမ့် ဟုလီချန်းယုံ တွေးမိလိုက်သည်။ ထိုအတွေးက သူ၏ နှုတ်ခမ်းတွင် အပြုံးရေးရေးလေးထင်သွားစေသည်။

"ချန်း...ယုံ...ငါဘာပြောနေတာလဲရော မင်းနားထောင်နေရဲ့လား''

လင်းမိုက ကြည့်လိုက်သောအခါ တစ်ကိုယ်တည်းအတွေးဖြင့် ပြုံးနေသော ဝံပုလွေဖြူလေးကို တွေ့လိုက်ရသည်။

"ချန်း..ယုံ..မင်းအာရုံက ငါ့စကားမှာ....''
လင်းမိုစကားဆုံးအောင်မပြောလိုက်ရပေ။

အကြောင်းရင်းက လီချန်းယုံက သူ၏ နှုတ်ခမ်းကို နမ်းလိုက်သောကြောင့် ဖြစ်သည်။ စက္ကန့်ပိုင်းအကြာမှ လီချန်းယုံက လင်းမို၏ နှုတ်ခမ်းကို လွှတ်ပြီး နားနားသို့ ကပ်ကာ တိုးတိုးလေးပြောသည်။
"သိပြီလို့...မှာတာတွေအကုန်မှတ်မိတယ်။ အခုနောက်ကျတော့မယ်။ သွားရအောင်''

The True Conqueror [Complete]Where stories live. Discover now