Unicode
ရှောင်ချိုနှင့် ဟေးချို၏ အဆောင်သို့ လင်းမိုရောက်သွားချိန်၌ နှစ်ယောက်လုံး အဆောင်၌ မရှိပါ။ ရှင်းလင်းနေသော အဆောင်နှင့် မည်သည့်အသံမှ မကြားရခြင်းက ရှောင်ချိုနှင့် လီချန်းယုံ ရှိနေသော အရိပ်အယောင်မဟုတ်ချေ။
ထိုအုပ်စုတွင် ဟေးချိုက စကားနည်း၍ အသံပင်မကြားရသော်လည်း ရှောင်ချိုနှင့် လီချန်းယုံမှာ အချိန်တော်တော်များများ၌ စကားများ ငြင်းခုန်နေလေ့ရှိသည်။
လင်းမိုက ရှောင်ချိုနှင့် ဟေးချို၏ အဆောင်က အစောင့်အကြပ်များကို တွေ့သဖြင့် မေးလိုက်သည်။
"ရှောင်ချိုနဲ့ဟေးချို ဘယ်ရောက်သွားတာလဲ''အစောင့်များက ဆိုင်းမဆင့်ဗုံမဆင့်ဖြင့် အထိန်းတော်များမပါဘဲ တစ်ကိုယ်တည်း ကြွလာသော ဘုရင်ကြီးကြောင့် ပြာပြာသလဲ ဖြစ်သွားသည်က အမှန်ပင်။
"မနက်က မြောက်ပိုင်းအိမ်ရှေ့စံ အဆောင်ကိုရောက်လာပြီး သခင်လေးနှစ်ယောက်နဲ့အတူ အပြင်ကို ထွက်သွားတာ မြင်လိုက်ပါတယ်''
အစောင့်တစ်ယောက်က ဒူးထောက်ပြီး ရိုသေစွာ ဖြေသည်။ သူ့ကို ကြည့်ရသည်မှာ လင်းမို အပြစ်ပေးမည်ကို စိုးထိတ်နေသည့်ဟန်ရှိသည်။"အဲ့ဒါနဲ့ပဲ...မောင်မင်းတို့က သူတို့ဘယ်ထွက်သွားလဲ မမေးလိုက်ဘူးလား''
လင်းမိုက မျက်မှောင်ကြုတ်ပြီး မေးသည်။"စိုး...စိုးရွံ့ပါတယ်အရှင်! ခါတိုင်းဆို ကျွန်တော်တို့ မေးမြန်းနိုင်ပေမယ့် အခုက မြောက်ပိုင်း အိမ်ရှေ့စံပါပါတော့ မေးဖို့ မသင့်တော်ဘူးလို့ ထင်လို့ပါ... အရှင်''
အစောင့်က မြေပြင်၌ ဒူးထောက်လျက်သားကိုမှ မြေကြီးနှင့် ဦးခေါင်းထိလုမတတ် ဦးညွှတ်ပြီး လျှောက်တင်လေသည်။"နောက်တစ်ခါ အိမ်ရှေ့စံပါပါလည်း အိမ်ရှေ့စံကို ဘယ်သွားမလဲ မေးထား...လိုအပ်ရင် ကိုယ်တော်က မေးခိုင်းတာလို့ပြောလိုက်''
ထိုမျှသာ ပြောပြီး လင်းမို အဆောင်က ပြန်လှည့်လာသည်။သည်အတိုင်းဆို ဝံပုလွေ၏ လမ်းစကပျောက်သွားချေသည်။ နန်းတော်တစ်ခုလုံးကလည်း မတွေ့မိကြောင်း သတင်းပြန်ပို့ကြသည်။
YOU ARE READING
The True Conqueror [Complete]
Historical FictionTitle - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... Name - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ...