Chapter 67

39.9K 5K 412
                                    

ရှန်ပြည်ထောင်နှစ်ပတ်လည်နေ့အခမ်းအနား

ဆိုင်းသံ ဗုံသံနှင့် ကပြဖျော်ဖြေမှုကို ဆင်နွှဲနေသည့်လူအများကြားတွင် လီချန်းယုံတစ်ယောက် နန်းရင်ပြင်ထက်က သီးသန့်နေရာမှ သူ၏ အကြည့်တို့ကို ဝေ့ဝဲကာ လူအုပ်ကြားထဲသို့ ကြည့်နေသည်။ သူ၏ ပုံစံမှာတစ်စုံတစ်ရာကို ရှာဖွေနေဟန်ရှိသည်။

လွန်ခဲ့သည့်နှစ်ရက်ခန့်က လင်းမိုနှင့်လီချန်းယုံသည် မြောက်ပိုင်းရှန်ပြည်ထောင်၏ နှစ်ပတ်လည်နေ့အခမ်းအနားအတွက် မြောက်ပိုင်းသို့ ပြန်လည်ရောက်ရှိနေကြခြင်း ဖြစ်သည်။ နှစ်ပတ်လည်နေ့သည် လီချန်းယုံ၏ ဘိုးဘေးအစဉ်အဆက်များလက်ထက်ကတည်းက အခမ်းအနားဖြင့် ကျင်းပခဲ့သော နေ့ဖြစ်သည်။ မြောက်ပိုင်းရှန်နိုင်ငံအတွက် အရေးကြီးသော နေ့ထူးနေ့မြတ်ဟုလည်း ဆိုနိုင်သည်။

သည်နေ့မနက် အိပ်ယာနိုးကတည်းက လီချန်းယုံသည်ဘုရင်ကြီးလီ၊ တော်ဝင်ဆွေမျိုးများနှင့်အတူ ဘိုးဘေးများကိုပူဇော်ရာ ခန်းမဆောင်တွင် ကန်တော့ရမည်ဖြစ်သောကြောင့် လင်းမိုနိုးသည်အထိ မစောင့်နိုင်ဘဲ ထွက်လာခဲ့သည်။

ခန်းမဆောင်တွင် ကန်တော့ပြီးသော်လည်း လီချန်းယုံသည် သူ၏ နန်းဆောင်သို့မပြန်နိုင်။ ပြည်နယ်အသီးသီးက လက်အောက်ခံအိမ်တော်အကြီးအကဲများ၏ ဂါရဝပြုနှုတ်ဆက်မှုကို ခံယူရသေးသည်။ ယခုလိုနှစ်ပတ်လည်အခမ်းအနားတွင် ရှန်နိုင်ငံ၏ ပြည်နယ်အသီးသီးမှ လက်အောက်ခံ အိမ်တော်အကြီးအကဲများလာရောက်ကြသည်မှာ ထုံးစံပင်ဖြစ်သည်။

ထို့နောက်တွင် နန်းရင်ပြင်၌ အခမ်းအနားက စတင်တော့မည်ဖြစ်သောကြောင့် လီချန်းယုံ နန်းဆောင်သို့ ပြန်ခွင့်မရတော့ပေ။ နန်းရင်ပြင်ထက်က သူနှင့် ဘုရင်ကြီးလီအတွက် စီစဉ်ထားသော သီးသန့်နေရာတွင် ထိုင်ကာ အခမ်းအနားကို ရှုစားနေရလေသည်။

အခမ်းအနားမှာ နှစ်စဉ်ကျင်းပနေကျ အစဉ်အလာအတိုင်းဖြစ်သည်။ အခမ်းအနားတွင် မြောက်ပိုင်းသားတို့၏ ရိုးရာလှံစီးချင်းတိုက်ပွဲပါဝင်လေသည်။ ထိုစီးချင်းတိုက်ပွဲသည် မြောက်ပိုင်းနိုင်ငံ၏ နှစ်ပတ်လည်အခမ်းအနားတွင် အရေးကြီးဆုံးသောပြိုင်ပွဲဖြစ်ပြီး ပြည်သူများက စိတ်ဝင်တစားဖြင့် တစ်ခနက် အားပေးလေ့ရှိကြသည်။

The True Conqueror [Complete]Where stories live. Discover now