Chapter 13

57.3K 6.7K 407
                                    

Unicode

စားပွဲတော်ပြီးသွားသောအခါ လင်းမိုနှင့် လီချန်းယုံသည် နန်းဆောင်အသီးသီးသို့ ပြန်ရန်ထွက်လာခဲ့ကြသည်။၎င်းတို့နှစ်ယောက်သည် ပခုံးချင်း ယှဉ်ကာလျှောက်လာကြသည်။ လီချန်းယုံက လင်းမိုအပေါ် တစ်ခါတစ်ရံ အမြင်မကြည်သော်လည်း ယနေ့စားပွဲတော်တွင် သူ့အတွက် ဟင်းလျာကို မသိမသာရွှေ့ပေးခြင်းကြောင့် လင်းမိုကို ယနေ့တွင် များစွာ အမြင်ကြည်လင်နေလေသည်။

"လင်းမို ''
သူကခြေလှမ်းကို အနည်းငယ်တုံ့ပြီး လင်းမိုကိုခေါ်လိုက်သည်။

"အင်း''
လင်းမိုက လှည့်ကြည့်ပြီး ပြန်ထူးသည်။

"မင်း လေးနဲ့မြှား ကောင်းကောင်း မသုံးတတ်ဘူးမလား''

လင်းမိုက လီချန်းယုံအဘယ့်ကြောင့် ဤမေးခွန်း မေးသည်ကို ကောင်းစွာရိပ်မိလေသည်။ ကတိုးကောင်ဖမ်းသည့်နေ့က သူပြန်လာသောအခါတွင် မြှားကျည်တောက်ထဲ၌ မြှားများ မကျန်တော့သည်ကို လီချန်းယုံက သတိထားမိခြင်းဖြစ်လိမ့်မည်။ လီချန်းယုံထင်သည်က လင်းမိုသည် လေးနှင့် မြှားကို ကောင်းစွာမသုံးတတ်သောကြောင့် ကတိုးကောင်တစ်ကောင် ဖမ်းရန်အတွက် အကုန်သုံးလိုက်ရသည်ဟုသာ။

သို့သော်အဖြစ်မှန်ကမူ လင်းမိုသည် မြှားကို အလွန်ကျွမ်းကျင်ပိုင်နိုင်စွာ ပစ်နိုင်သူဖြစ်လေသည်။ သူ၏ ထောင်သောင်းမကသော စစ်တပ်ကြီးတွင်လင်းမို၏ မြှားပစ်စွမ်းရည်ကို မှီသူမရှိပေ။ ထိုနေ့က လွဲချော်သွားရသည့် အကြောင်းရင်းမှာ ရေခဲလွင်ပြင်ကို မရောက်ဖူးသော လင်းမိုက အဘက်ဘက်က တိုက်ခတ်နေသော လေကြောင်းကို မသိသောကြောင့်သာ ဖြစ်သည်။ သူနှစ်ကြိမ်လွဲချော်ပြီးနောက်မှာ လက်လျှော့ပြီး သိုင်းပညာအစွမ်းကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ ကျန်သည့်မြှားတံများကိုတော့သူလေးနှင့်မြှားကို သုံးပြီး  ကတိုးကောင်ဖမ်းလာခြင်းမဟုတ်မှန်း လီချန်းယုံ မရိပ်မိအောင် တစ်နေရာတွင် ပစ်ထားခဲ့ခြင်းသာဖြစ်သည်။ နောက်တစ်နေ့တွင် အမဲလိုက်ရင်း မြောက်ပိုင်းရေခဲလွင်ပြင်၏ လေကြောင်းတိုက်ခတ်ပုံကို လေ့လာခဲ့သောကြောင့် လင်းမိုသည် ပထမအခါကဲ့သို့ ပစ်မှတ်ကို လွဲချော်မသွားအောင် ပစ်နိုင်ပြီဖြစ်သည်။

The True Conqueror [Complete]Unde poveștirile trăiesc. Descoperă acum