Chapter 64

39.5K 5K 220
                                    

Unicode

(Heather က ဒီအပိုင်းကအကြောင်းအရာတွေက နည်းနည်အသေးစိတ်တာမလို့ လေးရက်တောင်အချိန်ယူပြီး စဉ်းစားလိုက်ရပါတယ်။ အဲ့ဒါကြောင့် ဂရုစိုက်ပြီး ဖတ်ပေးပါလို့ မှာချင်ပါတယ်။ စကားမစပ် Heather အစာအိမ်ပဲ ပြန်ယောင်တာပါ။ နေမကောင်းတော့မဖြစ်ပါဘူး။စာမရေးနိုင်တဲ့ထိမဟုတ်တာမလို့ စိတ်မပူကြပါနဲ့။ဂရုလည်းစိုက်နေပါတယ် ~♥~)

လင်းမိုပြန်ရောက်လာပြီး ဆယ်ရက်ခန့်အကြာတွင် ဆယ့်ခြောက်ပြည်ထောင်သည် ပုံမှန်အခြေအနေဖြစ်လာပြီ ဖြစ်သည်။ ပုန်ကန်ထကြွသူများကို လီချန်းယုံက နဂါးကိုစီးပြီး မြောက်ပိုင်း စစ်တပ်များနှင့် နှစ်ဖက်ညှပ်တိုက်ပြီး အနိုင်ယူခဲ့သည်ဆိုသော သတင်းကိုလည်း ညီလာခံတွင် အမတ်ကြီးပြောမှ လင်းမို သိခြင်း ဖြစ်သည်။

အမတ်ကြီးပြောစဉ်က လင်းမိုက များစွာ အံ့သြသွားဟန်မရှိချေ။ သူသည် လီချန်းယုံထိုသို့ ပြုလုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းတွက်ချက်ပြီး ဖြစ်သည်။ သူမရှိစဉ်က လီချန်းယုံ တစ်ယောက်တည်း ထိုအရာတို့ကို မည်သို့ ရင်ဆိုင်ခဲ့ရသည်ဆိုသည်ကို လင်းမိုတွေးသာကြည့်နိုင်သည်။ ထိုသို့တွေးကြည့်တိုင်းလည်း လင်းမို၏ ရင်ထဲ၌ မွန်းကြပ်လာသလို ခံစားလိုက်ရသည်။

လင်းမိုက ကိုယ့်ကိုယ်ကို အပြစ်ရှိသည်ဟု ခံယူပြီး လီချန်းယုံကို ယခင်ကထက် အဆပေါင်းများစွာ ဂရုစိုက်လေသည်။ ဝံပုလွေဖြူလေး တောင်းဆိုသမျှ အနိုင်ယူသမျှ လင်းမို သည်းခံလေသည်။ အလိုလိုက်ခြင်းခံရသော ရလဒ်အနေဖြင့် ဝံပုလွေဖြူလေးသည် အနည်းငယ်ဆိုးလာသည်ကတော့ အမှန်ပင် ဖြစ်သည်။

သူညီလာခံအပြီး အဆောင်ပြန်ရောက်ချိန်၌ လီချန်းယုံက အိပ်ဆောင်တွင် မရှိတော့ချေ။

လင်းမိုအိပ်ဆောင်ကို သေချာကြည့်ရသည်။ လီချန်းယုံက စိတ်မထင်သလို တစ်နေရာရာမှ ပေါ်လာကာ လင်းမိုကို လက်သီးဖြင့် လိုက်ထိုးတတ်သည်။ ထိုအတွက် လီချန်းယုံပေးသည့်အကြောင်းပြချက်မှာ သူပျင်းနေသည်ဟု ဖြစ်သည်။

အမှန်တကယ် လီချန်းယုံပျင်းအောင်လည်း လင်းမိုက ရှိရှိသမျှ နိုင်ငံတို့၏ အရေးအရာကို သူသာစီမံသည်။ ဆွေဟိုင်းနန်းတော်ပြီးစီးသွားသော်လည်း စစ်ပွဲဒဏ်ကြောင့် ကောင်းစွာနာလန်မထူနိုင်သော ယန်ကို ပြန်လည်တည်ငြိမ်အောင် ပြုလုပ်နေရသောကြောင့် နန်းတော်အသစ်ကို မရွှေ့နိုင်သေး။

The True Conqueror [Complete]Where stories live. Discover now