Chapter 31

50.4K 5.9K 192
                                    

Unicode

လင်းမိုသည် ဟေးချိုရှိနေသော နန်းဆောင်သို့ ရောက်လာသည်။

ဟေးချိုသည် နန်းဆောင်ရှေ့မြေကွက်လပ်တွင် တင်ပျဉ်ခွေထိုင်ပြီး အတွင်းအားကျင့်ကြံနေသည်။ လင်းမို၏ ခြေသံကြားသောအခါ ဟေးချိုက မျက်လုံများဖွင်ကြည့်သည်။

"ဟေးချို...ငါမေးစရာရှိလို့''
လင်းမိုက ဟေးချိုကို ပြောလိုက်သည်။

"အရှင်ဘာမေးမလို့လဲ''
ဟေးချိုက တင်ပျဉ်ခွေရာမှ မတ်တပ်ရပ်လိုက်ပြီး လင်းမိုကို ခွန်းတုံ့ပြန်သည်။

"နဂါးစီးနင်းသူအရှင်ရဲ့ ကြင်ယာတော်က ရေခဲဝိညာဉ်ဓားနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာမလား။ ငါသိချင်တာက အဲ့ဒီဓားက ဘယ်လိုပုံစံမျိူးလဲ''
လင်းမိုက သူ၏စိတ်ထဲတွင် တွေးဆလာခဲ့ပြီး သိချင်နေသော မေးခွန်းကိုမေးလိုက်သည်။ ကနဦးက လီချန်းယုံနန်းဆောင်ထဲတွင် ဓားကိုကိုင်ကြည့်ကတည်းက စဉ်းစားနေခြင်းဖြစ်သည်။

သခင်ဟောင်းနှင့် သခင်မတို့၏ အကြောင်းကို အမေးခံလိုက်ရသောကြောင့် ဟေးချို၏ မျက်ဝန်းတို့က ကြေကွဲရိပ်ဖုံးသွားသည်။
"အရှင်...ရေခဲဝိညာဉ်ဓားက အရိုးမှာ ဝံပုလွေတစ်ကောင်မာန်ဖီနေပုံကိုသရုပ်ဖော်ထားပြီး ဘေးပတ်လည်လည်မှာ ကနုတ်တွေဖော်ထားပါတယ်''

လင်းမိုက သူထင်ထားသည့် အဖြေကိုရလိုက်သောကြောင့် သိပ်ပြီးမအံ့သြပေ။
"မင်းပြောတာက ချန်းယုံရဲ့ဓားက ရေခဲဝိညာဉ်ဓားလို့ပြောချင်တာလား''

ဟေးချိုက ခေါင်းငြိမ့်ပြသည်။

"ဒါပေမယ့် မင်းသိလား အဲ့ဒီဓားက အစစ်မဟုတ်ဘူး''

ဟေးချိုကအံ့အားသင့်သွားဟန်ဖြင့်ပြန်ပြောသည်။
"အရှင်...ရေခဲဝိညာဉ်ဓားအစစ်ဟုတ်မဟုတ်က ကိုင်ဆောင်သူပဲသိနိုင်တာလို့ နဂါးစီးနင်းသူအရှင်ပြောဖူးတယ်''

လင်းမိုက သူ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားအောင်ထိ ပြုံးပြီးပြန်ဖြေသည်။
"ဟေးချိူ... မင်းပြောကြည့် ဘယ်ပိုင်ရှင်က နတ်ဆိုးဘုရင်ကိုတောင် သတ်ပစ်နိုင်မယ့် လောကမှာတန်ဖိုးအရှိဆုံး ဓားတစ်လက်ကို ခဏခဏ လွှတ်ပစ်မှာလဲ...ချန်းယုံဆီက ဓားက နှစ်ခါအထက် လွှတ်ပစ်ခံပြီးပြီ။ စားပွဲရဲ့ မျက်နှာပြင်နဲ့ရိုက်ပြီး တစ်ချို့ ကနုတ်လက်ရာတွေပွန်းကုန်ပြီ။ အဲ့ဒီလောက်အထိမခံတဲ့ ဓားက ဘယ်လိုလုပ်ရေခဲဝိညာဉ်ဓား ဖြစ်မှာလဲ''

The True Conqueror [Complete]Where stories live. Discover now