Extra (Day 4)

23.9K 3.4K 71
                                    

Unicode

လီချန်းယုံသည် လင်းမိုနေမကောင်းစဥ်အတောအတွင်း လိုလေသေးမရှိအောင် အနီးကပ် ဂရုစိုက်ပေးလေသည်။ လင်းမိုကမူ သူအပြင်းအထန်ဖျားနေခြင်း မဟုတ်၍ နေ့စဥ်ပုံမှန်လုပ်ငန်းဆောင်တာတို့ကို ပြုလုပ်လိုပါသော်လည်း လီချန်းယုံက သူ့ကို တားမြစ်ထားလေသည်။ သို့ကြောင့် သူသည် မလွန်ဆန်တော့ဘဲ အိပ်ဆောင်၌ အေးအေးသာသာ နေနေခြင်းဖြစ်သည်။

တစ်ရက်တွင် သူတို့နှစ်ယောက်နားနေခိုက် အိပ်ဆောင်၏ အပြင်ဘက်၌ စောင့်ကြပ်နေသော အထိန်းတော်၏ တင်လျှောက်သံကို ကြားလိုက်ရချေသည်။

"အရှင်! အတိုင်ပင်ခံအမတ်ကြီးက တွေ့ခွင့်တောင်းပါတယ်''

လတ်တလောတွင် လီချန်းယုံသည် နန်းတွင်းအရေးအရာ ကိစ္စများကို အတိုင်ပင်ခံအမတ်ကြီးအား လွှဲအပ်ထားသောကြောင့် အမတ်ကြီးတင်လျှောက်ရန်မှာ အရေးကြီးအကြောင်းအရာဖြစ်နိုင်သည်ဟု ယူဆ၍ ဝင်ခွင့်ပြုလိုက်လေသည်။

"ဝင်ခွင့်ပြုလိုက်''

အတိုင်ပင်ခံအမတ်ကြီးဝင်ရောက်လာသောအခါ ၎င်းက ထိုင်နေသော လင်းမိုကို ပထမဦးစွာ နှုတ်ခွန်းဆက်လေသည်။

"အရှင်!နာမကျန်းဖြစ်နေတာသက်သာရဲ့လား''

လင်းမိုက ခေါင်းငြိမ့်ပြ၍အမတ်ကြီးကို ဝင်ထိုင်ရန် အရိပ်အယောင်ပြလိုက်သည်။

"ကိုယ်တော်သက်သာပါတယ်၊ စိတ်ပူနေတဲ့တစ်စုံတစ်ယောက်က လုံးဝနားဖို့ပဲ တိုက်တွန်းနေလို့''

လင်းမိုကလီချန်းယုံဘက်သို့မသိမသာပြုံး၍မျက်စပစ်လိုက်သည်။

လီချန်းယုံက လင်းမိုကိုပြုံး၍ မျက်စောင်းမမြည်သော အကြည့်တစ်ချက်ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ။ လက်ထပ်ပြီးကတည်းက သူသည် လင်းမို၏ ကိစ္စအဝဝကို စီမံခဲ့လေသည်။

အမတ်ကြီးသည်လည်း အရှင်လင်းမို နန်းဆောင်တွင်း၌ နားနေခြင်းက တစ်စုံတစ်ယောက်၏ အစီအမံဖြစ်ကြောင်း သူသိရှိနားလည်ပြီးဖြစ်သည်။ အမတ်ကြီးက စားပွဲ၌ ဝင်၍ထိုင်ပြီးနောက် သူ၏လာရင်းကို လျှောက်တင်လေသည်။

The True Conqueror [Complete]Where stories live. Discover now