Chapter 71

35.7K 4.6K 336
                                    

Unicode

"အိမ်ရှေ့စံ...''
နန်းဆောင်၏ အပြင်ဘက်တံခါးမှ အစေခံတစ်ယောက်၏ ခေါ်သံကြောင့် လီချန်းယုံ နိုးလာသည်။ သူကြည့်လိုက်ရာ အချိန်က လင့်နေပြီဖြစ်သည်။ နွေးထွေးသော နေရောင်ခြည်က သူ၏ ပြတင်းတံခါးမှ ဖြာပြီး ကျရောက်နေသည်။

"ဝင်ခဲ့!''
အိပ်ယာမှထကာ အပေါ်ဝတ်ရုံတစ်ထည်ကို လီချန်းယုံ ကောက်ဝတ်လိုက်သည်။

အစေခံက လက်ထဲက အကျအနထုပ်ပိုးထားသော တစ်စုံတစ်ရာကိုသယ်ဆောင်ကို အခန်းထဲသို့ ဝင်လာသည်။

"အိမ်ရှေ့စံ! တောင်ပိုင်းဘုရင်ကြီး ပို့ပေးလိုက်တာပါ''
အစေခံက ရိုသေစွာလျှောက်တင်ပြီး ထိုရွှေရောင်ပိုးပဝါဖြင့် ထုပ်ပိုထားသော သေတ္တာကို သူ့ဘေးသို့ ချပေးသည်။

လီချန်းယုံက ထိုသေတ္တာကို မျက်လုံးဖြင့်တစ်ချက်ဝေ့ကြည့်လိုက်သည်။ မည်သည့်အရာဟုခန့်မှန်းစရာမလိုပေ။ လင်းမိုပို့ပေးလိုက်သော မင်္ဂလာအခမ်းအနားတွင် ဝတ်ဆင်ရမည့်ဝတ်စုံ ဖြစ်လိမ့်မည်။
"အင်း...ရပြီထားသွားတော့''

အစေခံက မပြန်သေးဘဲ တစ်စုံတစ်ခုကို လျှောက်တင်လိုရန် ဆန္ဒရှိနေဟန်တူသည်။

သို့ကြောင့် လီချန်းယုံက အစေခံကို မေးလိုက်သည်။
"ပြောစရာရှိသေးလို့လား...''

အစေခံက သူမ၏ ဦးခေါင်းကိုထပ်ညွှတ်ပြီး ပြောသည်။
"အရှင်လင်းမိုက မှာလိုက်ပါတယ်။ အိမ်ရှေ့စံကို တစ်ခါလောက် စမ်းဝတ်ကြည့်တဲ့။ ဝတ်စုံမှာ အဆင်တန်ဆာတွေရောပါတာကြောင့် မနက်ရောက်မှဆိုရင် အိမ်ရှေ့စံဝတ်ရတာ ခက်ခဲနေမယ်တဲ့''

လီချန်းယုံ၏ အတွေးထဲ၌ သူ၏ နန်းတော်ရှေ့က အစေခံများကို အလကားထားခြင်းမဟုတ်ကြောင်း လင်းမိုသိသင့်သည်ဟုတွေးနေသည်။

သို့သော် ထိုအတွေးတို့ကို အစေခံမလေး၏ စကားက ကွယ်ပျောက်သွားစေသည်။
"ပြီးတော့ အရှင်လင်းမိုက မှာလိုက်တယ်။ ဝတ်စုံဝတ်ရင် ဘယ်သူ့မှ မကူညီခိုင်းနဲ့တဲ့။ အိမ်ရှေ့စံဘာသာဝတ်ရမယ်တဲ့''

"....''
လီချန်းယုံခမျာ စက္ကန့်ပိုင်းခန့် ပြောစရာစကားပျောက်ရှသွားသည်။ လင်းမိုက အနားမှာမရှိနေတာတောင် သူ၏ အတွေးများကို သိနေလေသည်။ သို့ကြောင့်လည်း အနှီဘုရင်ကြီးက သတို့သားနေရာရ၍ သူက ဝေါယာဉ်ပေါ်မှ ဆင်းလာရခြင်း ဖြစ်မည်။

The True Conqueror [Complete]Where stories live. Discover now