Chapter 59

34.2K 5K 453
                                    


Unicode

လင်းမိုသည် မျှော်စင်ပေါ်မှ ရပ်ကြည့်ရင်း သူ့ဆီသို့ ပျံသန်းလာသော ဟေးချိုကို တွေ့လိုက်သောအခါ သူ၏လက်ကဓားကို ဆွဲထုတ်ပြီး ရပ်နေသည်။ ဟေးချိုက မျှော်စင်နားသို့ရောက်သောအခါ ကြီးမားသော အတောင်ပံတို့ကို ဖြန့်ကျက်ပြီး ဦးခေါင်းကို မသိမသာညွှတ်ပေးသည်။

ဟေးချို၏ ကျောပေါ်မှ ဆူးတောင်လို သဏ္ဍာန်တို့သည် ပြေလျော့သွားလေသည်။ လင်းမိုက ဟေးချို၏ ကျောပေါ်သို့ တက်လိုက်ပြီး ဟေးချို၏ အနားသို့ ကပ္ကာ တီးတိုးအမိန့်ပေးလိုက်သည်။

ဟေးချိုက နားလည်ဟန်ဖြင့် ကောင်းကင်သို့ တရှိန်ထိုးပျံသန်းသွားသည်။

နတ်ဆိုးဘုရင်သည် တိုက်ပွဲအတွင်း ဝင်ရောက်ခြင်းမရှိပဲ ယန်နန်းတော်သို့ ဦးတည်သွားကြောင်း လင်းမိုသိပြီး ဖြစ်သည်။ သူထင်သည့်အတိုင်းပင် နတ်ဆိုးဘုရင်သည် ကြင်ယာတော်တို့၏ အဆောင်တွင် ရှိနေသည်။

ဟေးချိုနီးပါးကြီးမားသော ငှက်ကြီးပေါ်က ဆင်းခြင်းမရှိဘဲ သူ၏ တမန် တစေၦမိစၦာများကိုသာ အမိန့်ပေးကာ နန်းဆောင်မှ ကြင်ယာတော်တို့ကို ဆွဲထုတ်ရန်ကြိုးပမ်းနေသည်။ ထိုတစေၦမိစၦာတို့နှင့် အဆောင်ရှေ့တွင် လင်းမို အစောင့်အဖြစ်ထားခဲ့သော ကျင့်ကြံသူတို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်နေကြသည်။

ကောင်းကင်မှ နဂါး၏ တောင်ပံခတ်သံကို ကြားရသောအခါ နတ်ဆိုးဘုရင်က မော့ကြည့်သည်။ လင်းမိုကို မြင်သည်နှင့် သူ၏ မိစၦာငှက်ကြီးကို အချက်ပြကာ လင်းမိုနှင့် တိုက်ခိုက်ရန် ကောင်းကင်သို့ပျံတက်လာသည်။

တိုက်ပွဲက နေရာတိုင်းတွင် ဖြစ်နေသည်။

ယန်နန်းတော်၏ အရှေ့တွင် စစ်သည်တော်တို့နှင့် တစ္ဆေမိစ္ဆာများ အပြင်းအထန်တိုက်ခိုက်နေကြသည်။ နန်းတော်အတွင်းတွင်လည်း နတ်ဆိုးဘုရင်၏ တမန်များနှင့် လင်းမို၏ အစောင့် ကိုယ်ရံတော်တို့ တိုက်ပွဲဖြစ်နေကြသည်။

ကောင်းကင်ပြင်တွင်လည်း နတ်ဆိုးဘုရင်နှင့် နဂါးစီးနင်းသူ အရှင်တို့ တိုက်ပွဲဖြစ်နေကြသည်။

The True Conqueror [Complete]Where stories live. Discover now