Chapter 44.5

56K 5.1K 236
                                    


Unicode

44⏪ 44.5 ⏩ 45
This is a point chapter
Read or skip is your choice (ဖတ်ပြီးမှဘာပုတယ်ညာပုတယ်ဆိုလို့ကတော့ အိုင်က သဘောမကောင်းဘူးနော်...
I recommend to skip if you are under 18...Enjoy....

လင်းမို သူ၏ ညီလာခံပြီးစီးသောအခါ သူ၏ နန်းဆောင်သို့ ပြန်လာသည်။ လင်းမို အဆောင်ရှေ့သို့ရောက်လာသောအခါ အစေခံတို့မှာ တစ်စုံတစ်ခုကို စိုးရွံ့နေဟန်ရှိလေသည်။ လင်းမိုက သူတို့ကို အရေးမစိုက်ပဲ အဆောင်တွင်းသို့သာ ခြေလှမ်းကျဲကျဲဖြင့် ဝင်လာလေသည်။

သူ၏ နန်းဆောင်မှာ အခန်းများစွာဖြင့် ဖွဲ့စည်းထားသည့်အတွက် အတော်ကျယ်ဝန်းလေသည်။ သို့ကြောင့် လင်းမို၏ အိပ်ခန်းဆောင်အထိ ရောက်အောင် အနည်းငယ် သွားရချေသည်။ လင်းမိုက သူ၏ အိပ်ဆောင်သို့ ဦးတည်ရင်း ရုတ်တရက် ခြေလှမ်းတို့ ရပ်တန့်သွားသည်။ သူ၏ အိပ်ဆောင်တွင်းမှ လူတစ်ယောက်ရှိနေဟန် အသက်ရှုသံသဲ့သဲ့ကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။

လင်းမိုက ထူထဲသော မျက်ခုံးတို့က သိသာစွာကြုံ့သွားသည်။သူ၏ အိပ်ဆောင်တွင်းသို့ ဝင်ဖို့မဆိုထားနှင့် မည်သူမျှ အခွင့်မရှိဘဲ အနားမကပ်ရဲချေ။ ယခု သူ၏ အိပ်ဆောင်ထဲတွင် မည်သူရောက်နေပါသနည်း။

လင်းမိုက အခွင့်မရှိဘဲ အိပ်ဆောင်သို့ အတင့်ရဲစွာ ဝင်လာသော အတွင်းမှလူကို အပြစ်ပေးရန်ရည်ရွယ်ချက်ဖြင့် တံခါးကို ဆွဲဖွင့်လိုက်သည်။

လင်းမိုသည် ရုတ်တရက်မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့ကိုယ်သူ စိတ်ကယောင်ကခြားဖြစ်ကာ မြင်ချင်ရာမြင်နေကြောင်း တွေးမိလိုက်သည်။

ထိုမြင်ကွင်းကား...
လီချန်းယုံသည် သူ၏ နှင်းပွင့်လို ဖြူစွတ်ပြီး ရေခဲလွင်ပြင်ပုံ ပန်းချီကို အနားတွင် ထိုးထားသောဝတ်ရုံကို ချွတ်ရန်ပြင်ဆင်နေသောကြောင့် ဖြစ်သည်။ လင်းမို ဝင်လာချိန်၌ ဝတ်ရုံက ဖရိုဖရဲဖြစ်ပြီး ပခုံးသားဝင်းဝင်းကိုပင် မြင်နေရပြီဖြစ်သည်။

လီချန်းယုံ၏ မဟူရာရောင် ဆံနွယ်တို့က ခါတိုင်းလို စည်းနှောင်ခြင်းမခံရဘဲ လွတ်လပ်စွာ ဖြန့်ကျနေသည်။ ပြတင်းပေါက်မှ တိုးဝင်လာသော လေက လီချန်းယုံ၏ ဆံနွယ်တို့ကို လူးလွင့်နေစေသည်။

The True Conqueror [Complete]Where stories live. Discover now