Chapter 69

36.6K 4.7K 307
                                    

Unicode

ထိုနေ့ညစာစားပွဲသည် ရှန်နန်းတော်၏ တော်ဝင်ခန်းမဆောင်၌ ကျင်းပခြင်း ဖြစ်သည်။ တက်ရောက်လာသူ လက်အောက်ခံ အိမ်တော်အကြီးအကဲများ၊ မှူးမတ်များနှင့် လီချန်းယုံသည် စကားစမြည်ပြောနေသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ညစားစားပွဲတော်တွင် ဘုရင်ကြီးလီ မတက်ရောက်သည့်အတွက် လီချန်းယုံက အမြင့်ဆုံးရာထူးရှိနေသည့်သူ ဖြစ်နေသည်။

"အိမ်ရှေ့စံ...ဂုဏ်ပြုပါတယ်''
စစ်သူကြီးချင်က သေရည်ခွက်ကို မြှောက်ပြီး လီချန်းယုံကို ဂုဏ်ပြုစကားဆိုသည်။

"အိမ်ရှေ့စံအတွက်...''
လက်အောက်ခံ အကြီးအကဲများနှင့် မှူးမတ်များအားလုံး သေရည်ခွက်များကို မြှောက်ကာ တစ်ညီတစ်ညာတည်း ဆိုကြသည်။

၎င်းတို့ဂုဏ်ပြုနေသည့်အကြောင်းအရင်းမှာ လင်းမို၏ လက်ထပ်ခွင့်တောင်းဆိုမှုဆိုသည်ကို သိနေသော လီချန်းယုံသည် အနည်းငယ် ရှက်ရွံ့သွားသော်လည်း သူ၏ လက်ထဲကသေရည်ခွက်ကို မြှောက်ကာ ခွန်းတုံ့ပြန်လိုက်သည်။

"ကျေးဇူးတင်ပါတယ်...''
ထို့နောက် သူသေရည်ကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။ လည်ပင်းထဲသို့ပူနွေးရှိန်းမြစွာ စီးဆင်းသွားသော မြောက်ပိုင်းက သေရည်မှာ အမှန်တကယ် အရသာ ရှိလှသည်။

အိမ်ရှေ့စံ၏ နောက်မှ အမတ်များနှင့် လက်အောက်ခံအိမ်တော်အကြီးအကဲများသည်လည်း သေရည်ခွက်ကို မော့သောက်ကြသည်။

ထို့နောက် ညစာစားပွဲက ပို၍အသက်ဝင်လာသည်။တိုင်းရေးပြည်ရေးများကို ဆွေးနွေးကြသလို တစ်ယာက်နှင့်တစ်ယောက် ကိုယ်ရေးကိုယ်တာများလည်း ပြောဆိုမေးမြန်းကြသည်။

မြောက်ပိုင်းသည် သွေးရင်းညီနောင်ကဲ့သို့ တစ်သားတည်းဖြစ်မှုနှင့် သစ္စာတရားတို့ကို အခြေပြုထားသောကြောင့် တော်ဝင်မျိူးနွယ်တို့နှင့် မှူးမတ်အကြီးအကဲများကြားတွင် ရင်းနှီးသော ဆက်ဆံရေးရှိလေသည်။

ထိုအချိန်၌ လင်းမိုသည် ဘုရင်ကြီးလီ၏ နန်းဆောင်တွင် ရှိနေချေသည်။ အကြောင်းရင်းကား ဘုရင်ကြီးလီက အစေခံတစ်ယောက်ဖြင့် လင်းမိုကို သူ၏ နန်းဆောင်သို့ လာရောက်ရန် ဖိတ်ကြားထားသောကြောင့် ဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now