Chapter 60

36.1K 5.3K 227
                                    

Unicode

ယန်နန်းတော်ရှေ့က အရှိန်တညှီးညှီးတောက်လောင်နေသော မီးတောက်များစွဲနေသည့် စင်ကြီးတစ်ခုရှိသည်။ ထိုစင်ကြီးပေါ်တွင် ရှိနေသည်က လင်းမို၏ အသက်မဲ့ ခန္ဓာ...

အိပ်စက်နေသူတစ်ယောက်လိုတည်ငြိမ်နေသော လင်းမိုကို စိုက်ကြည့်ရင်း လီချန်းယုံတစ်ယောက် သူကြုံခဲ့ရသော အျဖစ္ကို လက်မခံနိုင်သေး...

မီးတောက်တို့ကို အကြောင်းမဲ့ငေးကြည့်နေရင်း ထိုမီးတောက်တို့ဝါးမျိုနေသည်မှာ လင်းမို၏ ခန္ဓာကိုယ်မဟုတ်ပဲ သူ၏ နှလုံးသားဖြစ်သည်။ တဖျစ်ဖျစ်တောက်လောင်နေသည်မှာ သူ၏ နှလုံးသားပင်...

မီးစာတို့ကုန်ခမ်းပြီး အရိုးပြာသာ ကျန်ရှိတော့သည့်အချိန်တွင် နံဘေးတွင် စောင့်ဆိုင်းနေသည့် သူတို့ ထွက်ခွာသွားကြသည်။ နတ်ဆိုးဘုရင်နှင့် တိုက္ပြဲ၏ ပျက်စီးမှုများကို ပြန်လည်ပြုပြင်ရန်လိုပေသည်။

အသက်မသေပဲကျန်ခဲ့သော စစ်သည်တော်တို့မှာ မိမိတို့၏ မိသားစုများရှိရာသို့ ပြန်သွားကြပြီ ဖြစ်သည်။

လီချန်းယုံတစ်ယောက်သာ ထိုနေရာတွင် မလှုပ်မယှက်ရပ်နေသည်။ သူ၏ လက်ထဲတွင် လင်းမို၏ အသက္ကို နှုတ်ယူခဲ့သော လွံတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

သူကြေကွဲဝမ်းနည်းပြီး ပူဆွေးနေခြင်းမဟုတ်ပါ...

အရှိန်ပြင်းစွာလောင်ကျွမ်းနေသောမီးပုံအတွင်း ခုန်ချရမည်လား...လှံတံဖြင့် ရင်ဝကို ထိုးဆိုက်ရမည်လား တွေဝေနေခြင်းပင်...

မီးပုံမှမီးတို့ အရှိန်လျော့ကာ ခန္ဓာကိုယ်က အရိုးပြာသာ ကျန်တော့သည့်အချိန်တွင် လီချန်းယုံ ဆုံးဖြတ်ချက်ချလိုက်ပေသည်။

သူသေဆုံးရမည်ဆိုလျှင် လင်းမိုနှင့် ထပ်တူညီသော နည်းလမ်းဖြင့် သေဆုံးသင့်သည်။ ထိုအတွေးဖြင့် လွံတံ၏ အသြားကို သူ၏ ဘက်သို့ ပြောင်းလဲပြီး ထိုးဆိုက်ရန် ပြင်နေချိန်..

"ဝုန်း....''

တစ်စုံတစ်ယောက်က အရှိန်ဖြင့် လီချန်းယုံကို ဝင်တိုက်ပြီး လွံတံကို လုယူလိုက်သည်။

The True Conqueror [Complete]Where stories live. Discover now