Extra (Day 10)

45.9K 4K 230
                                    

Unicode

ရှောင်ချိုသည် ရေခဲလွင်ပြင်၏ အစွန်ဆုံးနေရာက ရေခဲအငူကြီးတစ်ခုပေါ်၌ မတ်တပ်ရပ်ကြည့်နေသည်။ သူက အရှေ့ဘက် ဆီသို့ ငေးမျှော်ကြည့်နေခြင်း ဖြစ်သည်။

ထိုအရှေ့ဘက်တွင် မဆုံးနိုင်အောင် ရှည်လျားသော တောင်တန်းကြီးက မြင်ကွင်းတစ်ဆုံးကာဆီးနေသည်။ တောင်တန်းကြီး၏ တောင်ထွတ်တစ်ခုချင်းက မိုးတိမ်များကို ထိလုမတတ် မြင့်မားလေသည်။

ရှောင်ချိုက သူရေခဲအငူများဘက်သို့ ရောက်တိုင်း ထိုတောင်တန်းကြီးကို မော့ကြည့်သည်က သူ၏ လုပ်ရိုးလုပ်စဥ် ဖြစ်သည်။ သူသည် ရေခဲလွင်ပြင်၏ အရှေ့ဘက်သို့ လွန်၍ မသွားဖူးချေ။ ထိုတောင်တန်းကြီးကို ကျော်လွန်လျှင် မည်သို့သော မြင်ကွင်း ရှိနေမည်မှန်း သူမသိချေ။

သူ၏ စိတ်ထဲ၌ အလွန်တရာလှပသော နေရာတစ်ခု ရှိနေသည်ဟု ထင်မိသည်။ ထိုတောင်တန်းကြီး၏ အထွတ်အထိပ်နေရာ၌ လက်နှစ်ဖက်ကို ဆန့်တန်းကာ မှုန်ဝါးဝါးသာမြင်ရမည့် လောကကြီးကို သူကြည့်လိုလှသည်။

"ရှောင်ချိုမင်းဘာတွေတွေးနေတာလဲ''

အောက်က ရပ်ကြည့်နေသော ဟေးချိုက ရှောင်ချိုကို မော့ကြည့်ကာ မေးသည်။

ရှောင်ချိုက တောင်တန်းများဆီ လက်ညှိုးထိုးပြသည်။

"အဲ့ဒီတောင်တန်းကြီးတွေမှာဘာရှိမလဲတွေးနေတာ''

"မင်းမရောက်ဖူးဘူးလား''

ဟေးချိုက ပြန်မေးသည်။

ရှောင်ချိုသည် စီးထားသော သူ၏ ဆံပင်များခါယမ်းသွားအောင်ထိ ခေါင်းကိုယမ်းပြသည်။

"ဟင့်အင်...ငါမရောက်ဖူးဘူး''

"မင်းဒီလောက်ရောက်ဖူးချင်နေတာ တစ်ခါမှ သွားမကြည့်ဘူးလား''

ဟေးချိုက ရှောင်ချိုပြသော တောင်တန်းများဆီသို့ အကြည့်တစ်ချက်ပေးလိုက်ကာ ပြောသည်။

"ငါမသွားနိုင်ဘူး ဟေးချို၊ ဝံပုလွေအသွင်နဲ့တောင် အဲ့ဒီလောက် မြင့်မားတဲ့ တောင်ထွတ်ထိငါရောက်မှာမဟုတ်ဘူး''

ရှောင်ချိုသည် ရေခဲလွင်ပြင်တွင် ကျက်စားသည် မှန်သော်လည်း မြင့်မားမတ်စောက်သော ရေခဲ တောင်မျက်နှာပြင်ကို ခြေကုတ်တက်ရန် သူ၏ သဘာဝကခွင့်မပြုထားချေ။ သို့ကြောင့် ထိုဆီးနှင်းတို့ဖုံးနေသော တောင်တန်းကြီးကို သူငေး၍သာ ကြည့်နိုင်ခြင်း ဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now