Chapter 26

47.5K 5.9K 423
                                    

Unicode

မှော်ဆရာသည် ဝမ်သခင်မကြီး၏ အမိန့်နှင့် မှော်အစီအရင်တစ်ခု ပြုလုပ်နေသည်။ တစ်နည်းအားဖြင့်ဆိုသော် သွေးဖြူဝံပုလွေကို ရှင်းပစ်နိုင်မည့်အစီအရင်...

မှော်ဆရာက ရှုပ်ထွေးသော အဆင့်တို့ကို ဖြတ်ကျော်ပြီးနောက်မှာ သူရှေ့တွင်ရှိသော စည်းဝိုင်းကြီး ပတ်ပတ်လည်၌ မီးတောက်မီးလျှံတို့ပေါ်လာလေသည်။ မှော်ဆရာ၏ ဂါထာရွတ်သံကျယ်လောင်လာသည်နှင့်အမျှ မီးတောက်တို့၏ အဟုန်ကလည်း ပြင်းထန်လာလေသည်။ အမှန်တကယ်တော့ မှော်ဆရာသည် တစ်စုံတစ်ရာကို ဆင့်ခေါ်နေခြင်းဖြစ်သည်။ သူဆင့်ခေါ်နေသောအရာကတော့.....

မကြာမီအချိန်တွင် စည်းဝိုင်းပတ်လည်က မီးလျှံတို့ငြိမ်းသက်သွားပြီး မီးခိုးလို မြူတို့အုပ်မှိုင်းသွားလေသည်။ ထို့မြူတို့၏ အလယ်၌ လူပုံသဏ္႑ာန်ပုံရိပ်တစ်ခု ပေါ်လာလေသည်။

"မင်းရောက်လာပြီလား...''
မှော်ဆရာက ထိုလူသဏ္႑ာန်ကိုရည်ညွှန်းပြီး စကားဆိုလေသည်။

"ကျွန်တော်ဘယ်နေရာရောက်နေတာလဲ''
ထိုလူသဏ္႑ာန်က မှော်ဆရာကို ဝေခွဲမရဟန်နှင့်မေးလေသည်။

"မင်းကို လူ့လောကကိုရောက်လာဖို့ ငါဆင့်ခေါ်လိုက်တာ''

"လူ့လောက??? ဒါက ကျွန်တော်ရှိနေရမယ့်နေရာမဟုတ်ဘူး ကျွန်တော့်ကိုပြန်ခွင့်ပေးပါ ကျွန်တော်ရဲ့သခင်နဲ့ သခင်မ စောင့်နေလိမ့်မယ်''
လူရိပ်သဏ္႑ာန်က မှော်ဆရာကိုတိုးလျှိုးစွာ တောင်းဆိုလေသည်။

သို့သော် ရက်စက်သော မှော်ဆရာက ထိုတောင်းဆိုမှုကို ရယ်စရာဟုသာ သဘောထားပုံရလေသည်။
"မင်းကိုစောင့်နေမယ့် သခင်နဲ့ သခင်မဆိုတာရော ရှိသေးလို့လား...ဘယ်တော့မှ ပြန်မလာတော့မယ့်လူနှစ်ယောက်ကို
အဲ့ဒီဘာမှမရှိတဲ့နေရာမှာ ထပ်ပြီး စောင့်ချင်သေးတာလား''

မြူတို့ရှင်းသွားသည့်အချိန်မှာ ထိုလူရိပ်သဏ္႑ာန်ကို ထင်ရှားစွာမြင်လာရလေပြီ။ အလွန်ချောမောသော ရုပ်ရည်ရှိသည့် လူရွယ်လေးတစ်ယောက်ပင်ဖြစ်သည်။ သူ၏ မျက်ဝန်းတို့ကတော့ ချောမောသည့်ရုပ်ရည်နှင့် ဆန့်ကျင်စွာ အထီးကျန်ကာ ရီဝေသော အငွေ့အသက်တို့ရှိနေလေသည်။ ပမာနှိုင်းရသော် အထီးကျန်တစေၦတစ်ကောင်၏ အသက်မဲ့ မျက်ဝန်းတို့ပင်ဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now