Chapter 53

38.7K 5.1K 458
                                    

Unicode
ထိုရက်ပိုင်းက ယန်နန်းတော်တွင် အပြောင်းအလဲများစွာ ဖြစ်ခဲ့သည်။ ဆယ့်ငါးပြည်ထောင်က လက်အောက်ခံဘုရင်များနှင့် မှူးမတ်များသည် လင်းမိုဆီက အမိန့်လွှာတစ်ခု လက်ခံရရှိခဲ့သည်။

တောင်ပိုင်းဘုရင်လင်းမိုသည် မိဖုရားတင်မြှောက်ရန် ကြင်ယာတော် ရွေးလိုသောကြောင့် သမီးပျိုများဆက်သနိုင်သည် ဟူသော အမိန့်တော်ပင်။

လင်းမိုလို ငယ်ရွယ်ပြီး စွမ်းအားကြီးမားသော ဘုရင်ထံသို့ သမီးကညာဆက္သလိုသူမ်ားမွာ မနည်းကြ။ ဆယ့်ငါးပြည်ထောင်လုံးက ချောမောလှသည် ဆိုသော သမီးပျိုများမှာ ကြင်ယာတော် အဖြစ် အရွေးခံကြသည်။ သူတို့အတွက် လင်းမိုကဲ့သို့သော ဘုရင်၏ အနားတွင် နေရလျှင်ပင် ကြီးမားသော ဆုလာ်ပင်။

အချို့အိမ်တော်များသည် လင်းမိုက မြောက်ပိုင်းအိမ်ရှေ့စံကို ပစားပေးမှုတို့ကို တွေ့မြင်ရသောကြောင့် လင်းမိုသည် အမျိုးသားကိုယ်လုပ်တော်များလည်း တင်မြှောက်ရန် ဆန္ဒရှိကြောင်း အထင်ရှိသဖြင့် သားယောကျ်ားလေးများလည်း ဆက်သကြသည်။

ထိုရက်ပိုင်းမှစ၍ လီချန်းယုံနှင့် လင်းမိုသည် သဘောတူညီထားသည့်အတိုင်း တစ်သီးတစ်ခြားစီ နေကြလေသည်။ လင်းမိုက လီချန်းယုံအတွက် သီးသန့်နန်းဆောင် ပြင်ဆင်ပေးသည်။ မသိသောသူတို့အတွက်ကား လင်းမိုသည် မြောက်ပိုင်းအိမ်ရှေ့စံကို စိတ်ကုန်ပြီး ကြင်ယာတော်အသစ် တင်မြှောက်ရန် ကြိုးပမ်းနေသည်ဟု...

ဆွေဟိုင်းမြို့နန်းမြို့တည်ဆောက်ရေးကို အထူးကြိုးပမ်းနေရသည့်အတွက် လင်းမိုမှာ အားလပ်သည်ဟူ၍ မရှိ။ လီချန်းယုံမှာမူ တောင်ပိုင်းသည် သူအုပ်ချုပ်ရာ အရပ်မဟုတ်သည့်အတွက် ထွေထွေထူးထူး အလုပ်မရှိချေ။

ရှားရှားပါးပါးရသော အားလပ်ရက်တွင် လီချန်းယုံသည် ရှောင်ချို၊ ဟေးချိုတို့နှင့် နန်းအပြင်ထွက်ပြီး လျှောက်လည်ရန် ကြံစည်နေလေသည်။
"ရှောင်ချိူ...မင်းသွားပြောပေးပါလား။ ငါတို့သုံးယောက် နန်းအပြင်လျှောက်လည်ရအောင်။ ငါအခုတေလာ ဘယ်မှမသွားရတာ ပျင်းနေပြီ''

The True Conqueror [Complete]Where stories live. Discover now