Chapter 15

56.8K 6.5K 470
                                    

Unicode

ရေခဲလိုဏ်ဂူထဲတွင် ရှောင်ချိုသည် သူ၏ ကျင့်စဉ်ကို တိုးတက်အောင် တရားမှတ်နေသည်။

လွန်ခဲ့သောနှစ်ရက်က

"ရှောင်ချို''
ရေခဲလိုဏ်ဂူထဲသို့ရှောင်ချိုဝင်လာသောအခါ သူ့ကိုစောင့်ကြိုနေသော တစ်စုံတစ်ယောက်ကို တွေ့ရသည်။

"ဆရာဘိုးဘိုး''

အဖြူရောင်ဝတ်ရုံနှင့် ရှည်လျားသောမုတ်ဆိတ်မွှေးဖြူကြီးများ ရှိသော အဘိုးကြီးတစ်ယောက်မှာ ရေခဲလိုဏ်ဂူ၏ အဝင်ဝတွင် မတ်တပ်ရပ်နေလေသည်။ သူ၏ လက်က တောင်ဝှေးတစ်ချောင်းကို ကိုင်ထားပြီး အသက်အရွယ်အမှန်ကို မခန့်မှန်းနိုင်လောက်တော့သည်အထိ သူ၏ မျက်နှာမှာ အရေးကြောင်းမျရှိနေသည်။

"ရှောင်ချို ရေခဲကျောက်ဆောင်တွေဆီသွားပြန်ပြီလား တရားကျင့်ကြံဖို့ ဒီဘိုဘိုးက အထပ်ထပ်မှာခဲ့ရက်နဲ့'' ဆရာဘိုဘိုး၏ အသံမှာ မတင်းမာစဖူး တင်းမာနေချေသည်။

ရှောင်ချိုသည် အပြစ်ပြုလုပ်ထားသူပီပီ ခေါင်းကိုငုံ့ပြီး နေချေသည်။ သူ၏အမူအရာသည် ဆရာဘိုးဘိုးကို တိုးလျိုးတောင်းပန်နေသလိုပင်။ သို့သော် ဆရာဘိုးဘိုးသည်ခါတိုင်းကဲ့သို့ ခွင့်လွှတ်မည့်ဟန်မရှိဘဲ လေသံမာမာဖြင့် ပြစ်တင်ကြိမ်းမောင်းလေတော့သည်။

"ရှောင်ချို...ဒီလောကကြီးမှာ အကြောင်းမဲ့မွေးဖွားလာတယ်ဆိုတာမရှိဘူး အထူးသဖြင့် လောကကိုစောင့်ရှောက်မဲ့သူတွေက ကြီးမြတ်တဲ့တာဝန်တွေထမ်းဆောင်ဖို့ ကံကြမ္မာက သတ်မှတ်ပြီးသား...ရှောင်ချို မင်းက သာမန်ဝံပုလွေမဟုတ်ဘူး
မင်းမှာ ကြီးလေးတဲ့တာဝန်က စောင့်ကြိုနေတာ... အဲ့ဒီတာဝန်ကလည်း မင်းရဲ့ကျင့်ကြံအားထုတ်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ် ဒီဘိုးဘိုးပြောတာ နားလည်လား''

"နားလည်ပါတယ် ဘိုးဘိုး ရှောင်ချိုအပြစ်ကို သိပါပြီ'' ရှောင်ချို၏ တောင်းပန်မှုကြောင့် ဆရာဘိုးဘိုးက စိတ်ပြေသွားပုံရလေသည်။

ဆရာဘိုးဘိုးက သူ၏ မုတ်ဆိတ်ရှည်ကြီးကို ပွတ်နေလေသည်။ သူသည် တစ်စုံတစ်ခုကို စဉ်းစားနေလေသည်။ အတန်ကြာမှ စကားစပြောလေသည်။
"ရှောင်ချို...မင်းရဲ့အရှင်သခင်ကိုတွေ့ပြီးပြီလား''

The True Conqueror [Complete]Where stories live. Discover now