Chapter 36

54.4K 5.6K 143
                                    

Unicode

လီချန်းယုံ နိုးထလာသောအခါ သူ၏ မျက်လုံးတို့က ကျိန်းစက်နေပြီ။ သူကိုယ်ပေါ်ကျရောက်နေသော နေရောင်ခြည်နုနုကြောင့် အချိန်လင့်နေပြီမှန်းသိလိုက်ပြီ။ သို့ပေမယ့် သူအိပ်ရေးမဝဘဲ ပင်ပန်းနွမ်းနယ်သလို ခံစားရသည်။

သူသည် ခါတိုင်းကဲ့သို့ အိပ်ယာပေါ်က ထရန် ဟန်ပြင်ဆင်မှာပင်...

"အား...''

ခန္တာကိုယ်အောက်ပိုင်းက နာကျင်မှုတစ်ခုက အရှိန်အဟုန်ဖြင့် သူ့ကို လာရိုက်ခတ်သည်။ လီချန်းယုံမှာ ရုတ်တရက်ဖြစ်သောကြောင့် ဘာဖြစ်သွားမှန်းမသိလိုက်။ သူနာကျင်သွားသည်ကိုသာ သိလိုက်သည်။ သူအိပ်ယာပေါ်ပြန်လှဲပြီး စဉ်းစားကြည့်မှ မနေ့ညက ပုံရိပ်တို့က သူ၏ မြင်လွှာ၌ ရစ်ဝဲပေါ်လာသည်။

"အား...''
သူနောက်တစ်ကြိမ်ထပ်အော်ပြန်သည်။ သည်တတစ်ကြိမ်က သူ့ကိုယ်သူရှက်ရွံ့ပြီးအော်ခြင်းဖြစ်သည်။ သူက လင်းမိုကိုစနမ်းသည်။ လင်းမို၏ ဝတ်ရုံကို ချွတ်ခိုင်းသည်။ ထို့နောက်... လီချန်းယုံဆက်မတွေးချင်တော့ပါ။

သူအခန်းကိုဝေ့ကြည့်လိုက်တော့ မနေ့ညက သူ့ကို မညှာမတာနှိပ်စက်သွားသော တောင်ပိုင်းဘုရင်ကြီးရှိမနေပါ။ လီချန်းယုံက အိပ်ယာမှ အားယူထပြီး ခြေထောက်ဖွဖွလေးနင်းကာ ခိုးထွက်သွားရန် ပြင်ဆင်မှာပင် အခန်းရှေ့က ခြေသံကို ကြားလိုက်ရသည်။

လီချန်းယုံက အိပ်ယာပေါ်ပြန်လှဲပြီး စောင်ကြီးကို ခေါင်းထိလုံအောင် ခြုံထားလိုက်သည်။

လင်းမိုက အခန်းတံခါးကို ငြင်သာစွာ ပိတ်ပြီး ညင်သာစွာ ဝင်လာသည်။ သူ့လက်ထဲတွင် လီချန်းယုံစားရန်ပြင်ဆင်ထားသော မနက်စာ...

အသားစွပ်ပြုတ်၏ ရနံ့သင်းသင်းက လီချန်းယုံ၏ နှာခေါင်းဝသို့ တိုးဝင်လာသည်။ သူစောင်ကို ဖယ်ပြီး အိပ်ယာက ငေါက်ခနဲ ထလိုက်ချင်ပေမယ့် မနေ့ညက အဖြစ်ကြောင့် လင်းမိုကို ဘယ်လိုရင်ဆိုင်ရမည်မသိပေး။

လင်းမိုကို အပြစ်ဖို့ရအောင်ကလည်း လင်းမိုက သူ့ကို ထွက်သွားခိုင်းပြီး သူကထွက်မသွားဘဲ...အကျိုးဆက်ကို ဖန်တီးလိုက်ခြင်းဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now