Chapter - 62.5

51.8K 4.8K 277
                                    

Unicode

(Rated Chapter မလို့ 18 နှစ်အောက် ကေလးများ မဖတ်သင့်ပါ။ >< ဝတ္တရားအရ သတိပေးရတာပါ။)

မျှော်စင်ကြီးအောက်တွင် အနက်ရောင် ပုံရိပ်နှင့် အဖြူရောင်ပုံရိပ်တို့သည် တစ်ယောက်ကို တစ်ယောက်လွတ်ထွက်သွားမတတ် ဖက်ထားပြီး နမ်းရှိုက်နေကြလေသည်။

"ချန်းယုံ...''
လင်းမိုက လီချန်းယုံ၏ မျက်နှာကို သူ၏ လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ပြီး မော့ကြည့်စေသည်။

လင်းမို၏ အကြည့်တို့က နူညံ့သော ချစ်ခြင်းမေတ္တာတို့ ပြည့်လျှမ်းလျှက်။

လီချန်းယုံက သူ၏ ခေါင်းကို ငဲ့စောင်းပြီး သူ၏ ပါးပြင်ကို လင်းမို၏ လက်ဖဝါးဖြင့် အသာထိတွေ့နေသည်။ ဟန်ပန်မှာ ဝံပုလွေလေးက သူ၏ သခင်ကို ကပ်ချွဲနေသည့်ဟန်ပင်။

လင်းမိုက လီချန်းယုံ၏ မျက်နှာမှ စ၍ တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ် အကဲခတ်နေသည်။ ပထမဦးစွာ သူက လီချန်းယုံ၏ လက်နှစ်ဖက်ကို အသာဆွဲကိုင်ပြီး ကြည့်ရှုသည်။

သူမြင်ရသည်က လီချန်းယုံ၏ လက်ဆစ်ချောင်းများ၌ စွဲထင်နေသော အညိုအမည်း အကွက်များပင်။

လင်းမိုက သူမြတ်နိုးတန်ဖိုးထားရပါသော ဖြူသွယ်သွယ်လပ်ချောင်းရှည်တို့၏ ဖြစ်အင်ကို အမှန်တကယ်မခံစားနိုင်ပေ။ သူ၏ ရင်ဘတ်တစ်ခုလုံး စူးနင့်သွားစေသည့်အချက်မှာ ထိုပြင်ပ ဒဏ်ရာများရလောက်အောင်ထိ လီချန်းယုံ မည်မျှခံစားနေခဲ့ရသည်ဆိုသော အချက်ပင် ဖြစ်သည်။

သူ၏ တစ်ကိုယ်လုံးကို စိတ်တိုင်းကျစစ်ဆေးနေသော လင်းမိုကို လီချန်းယုံက စောဒကတက်ခြင်းအလျဉ်းမရှိပေ။ တဖြည်းဖြည်း ပျက်ယွင်းလာသော လင်းမို၏ မျက်နှာကြောင့်သာ မဟုတ်လျှင် လီချန်းယုံ စကားစပြောမိမည်မဟုတ်ချေ။

"အခုအဆင်ပြေတယ်၊ မင်းပြန်ရောက်လာပြီမလို့ အကုန်လုံးအဆင်ပြေသွားပြီ၊ အဲ့ဒါကြောင့် မင်းရဲ့အာရုံတွေကို ငါ့ဆီမှာပဲ ထားပါလား''
ပြောရင်း လီချန်းယုံက လင်းမိုဆွဲကိုင်ထားသည့် သူ၏ လက်တို့ကို အသာရုန်းလိုက်ပြီး လင်းမို၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။

The True Conqueror [Complete]Where stories live. Discover now