Chapter 74 (Final)

62.6K 5.6K 688
                                    

Unicode

လင်းမိုနှင့် လီချန်းယုံသည် မြောက်ပိုင်းနန်းတော်တွင် မင်္ဂလာပွဲကျင်းပပြီးစီးသည့်နောက် အသစ်ဆောက်လုပ်ထားသော ဆွေဟိုင်းနန်းတော်ကြီးတွင် နန်းစိုက်လေသည်။

ဘုရင်ကြီးလီက မြောက်ပိုင်းကို လီချန်းယုံအားလွှဲပေးခဲ့ပြီ ဖြစ်သည့်အတွက် ယခုအခါတွင် ထန်ရွှမ်းတိုက်၏ ဆယ့်ခြောက်ပြည်ထောင်လုံးက ပေါင်းစည်းခဲ့ပြီ ဖြစ်သည်။

မည်သို့်ပင်ဆိုစေ တောင်ပိုင်းက ပရောဟိတ်တို့၏ ရှေ့ဖြစ်ဟောကိန်း သည် မှန်ကန်ခဲ့ချေသည်။

ကြယ်တာရာနက္ခတ်အထွန်းလင်းဆုံးအချိန်တွင် မွေးဖွားခဲ့သည့် အိမ်ရှေ့စံသည် ဆယ့်ခြောက်ပြည်ထောင်ကို အောင်နိုင်သည့် အရှင် ဖြစ်လာသည်။

ထို့အတူ မြောက်ပိုင်းသားတို့ ယုံကြည်ခဲ့ကြသည့် ဒဏ္ဍာရီသည်လည်း မမှားပါ။

၎င်းတို့၏ အိမ်ရှေ့စံ သွေးဖြူဝံပုလွေ၏ အစောင့်ရှောက်ခံလီချန်းယုံသည် ဆယ့်ခြောက်ပြည်ထောင်ကို အုပ်စိုးမည့် အရှင်၏ လက်တွဲဖော်ဖြစ်လာသည်။

ဆွေဟိုင်းတွင် လင်းမိုကိုယ်တိုင် စိတ်ကြိုက်တည်ဆောက်ထားသော နန်းတော်ကြီးသည် အမှန်တကယ်ပင် ခမ်းနားလှသည်။ ခမ်းနားသည်ဆိုသည်ကို နှိုင်းပြရန် စကားလုံးတို့ပင် ရှိမည်မဟုတ်ချေ။

သူတို့်နှစ်ယောက်နေထိုင်သည့် နန်းဆောင်၏ ဘေး၌ လီချန်းယုံ၏ တောင်းဆိုမှုအတိုင်း ပန်းသစ်တော်ပင်များ အများအပြား စိုက်ထားလေသည်။ နန်းဆောင်၏ အရှေ့တွင် လှပသော ဥယျာဉ်တစ်ခုရှိပြီး ၎င်းဥယျာဉ်တော်အတွင်းတွင် စမ်းချောင်းလေးတစ်ခုပင် ရှိသေးသည်။ ထိုစမ်းချောင်းလေးအပေါ်မှ ဖြတ်၍ ထိုးထားသော အမိုးခုံးတံတားလည်း ရှိပြီး ထိုတံတားလေး၌ လေးထောင့် သစ်သားဆိုင်းဘုတ်လေးတစ်ခုရှိချေသည်။

အားယုံကို ချစ်တယ်...ဟူသော စကားလုံးကို လှပစွာ ထွင်းထုထားလေသည်။ ထိုတံတားပေါ်က သစ်သားဆိုင်းဘုတ်လေးကို တွေ့ခါစက လီချန်းယုံခမျာ အလွန်အမင်းရှက်ရွံ့သွားချေသည်။ နန်းဆောင်၌ အစေအခံအများအပြားရှိသည်။ စမ်းချောင်းကို ဖြတ်သန်းသွားတိုင်း ထိုဆိုင်းဘုတ်က ထင်းထင်းကြီး ဖြစ်နေလေသည်။ အစေခံတို့်က မလှောင်ဝံ့သိသည်ကို သိသော်လည်း သူ့ခမျာ နေရခက်လေသည်။

The True Conqueror [Complete]Where stories live. Discover now