Chapter 7

57.7K 7.2K 512
                                    

Unicode

ရှောင်ချို၏ မျက်လုံးများပွင့်လာသည်။ သူ့နားထဲက သူ့ကို အကြိမ်ကြိမ်ခေါ်နေသော အသံကိုကြား​ေ ရသည်။ သည်လောကကြီး၌ ရှောင်ချိုနှင့် ဆက်သွယ်နိုင်သောသူ နှစ်ယောက်တည်းသာရှိသည်။ ထိုထဲက တစ်ယောက်က ရှောင်ချိုနှင့် စိတ်ချင်းမဆက်သွယ်ဖူးပေ။ ထို့ကြောင့် ယခု သူ့ကိုဆက်သွယ်နေသည်က အိမ်ရှေ့စံမင်းသား လီချန်းယုံပင်ဖြစ်ရမည်။ ပြီးတော့ အန္တရာယ်တစ်ခုခုကိုကြုံတွေ့နေရသောကြောင့် ဖြစ်လိမ့်မည်။ ရှောင်ချိုက ရေခဲလွင်ပြင်၏ အစွန်းဆုံး ကျောက်ဆောင်တွေဆီရောက်နေခြင်းဖြစ်သည်။ ရှောင်ချိုက သူ့ကိုခေါ်နေသော လီချန်းယုံဆီရောက်ရန်မှာ ကျယ်ပြန့်သော ရေခဲပြင်ကြီးကို ဖြတ်ပြီး သွားရပေမည်။ အချိန်နှစ်ရက်ခန့် ကြာသွားနိုင်သည်။ ရှောင်ချို အချိန်ဆွဲမနေပါ။ သူနောက်ကျလျှင် သခင်လေး အသက်အန္တာရာယ်ရှိသောကြောင့် သူချက်ချင်းပြေးထွက်လာသည်။

လီချန်းယုံမေ့မြောနေသော သုံးရက်မြောက်ညနေ့တွင် အမတ်ကြီးသည် လင်းမိုကို သတင်းပို့ရန် ရောက်လာခဲ့သည်။ အမတ်ကြီးကို မြင်ရချိန်၌ လင်းမို၏ မျက်လုံးများက အရောင်လက်သွားသည်။

"အရှင် စုံစမ်းခိုင်းထားတဲ့သတင်း...''

"သိရပြီလားအမတ်ကြီး''

အမတ်ကြီးက စိတ်မကောင်းစွာ ခေါင်းယမ်းပြသည်။ ထိုအရာက သူ၏ဘဝမှာ ပထမဆုံး မစုံစမ်းနိုင်သော သတင်းဖြစ်လိမ့်မည်။

"ကျွန်တော်သိရတာတော့ မြောက်ပိုင်းတစ်ခုလုံးက ရှောင်ချိုဆိုတဲ့သူကို သိဖို့ဝေးစွ။ နာမည်တောင်မကြားဖူးဘူးတဲ့''

လင်းမိုသက်ပြင်းရှည်ကြီးချမိပြီ။

"ကျွန်တော်အစက အိမ်ရှေ့စံရဲ့ ကြင်ယာတော်လောင်းနာမည်လို့ထင်ခဲ့တာ...ဒါပေမယ့်''
အမတ်ကြီးဆက်ပြောသော စကားကို လင်းမို တစ်လုံးမှ လွတ်မသွားရအောင် အာရုံစိုက်နေသည်။

"အိမ်ရှေ့စံမှာ ကြင်ယာတော်လောင်းမရှိသေးဘူး...နန်းတွင်းထဲက အထိန်းတော်တွေ ပြောတာတော့ အိမ်ရှေ့စံက မိန်းကလေးဆိုရင် မျက်နှာတောင်စေ့စေ့မကြည့်ဘူးတဲ့''

The True Conqueror [Complete]Where stories live. Discover now