Chapter 55

39.8K 5K 316
                                    

Unicode

လီချန်းယုံနိုးလာသော မနက်ဝေလီဝေလင်းပင်မရှိသေး။ ပတ်ဝန်းကျင်က မှောင်မှိက်နေသေးသည်။ သို့သော် သူ့တွင် ရတက်မအေးနိုင်သည့် ကိစ္စရှိသည့်အတွက် လင်းမိုကို နှိုးရသည်။

"လင်း...မို...''
လင်းမိုကို အသာပုတ်ပြီး နှိုးလိုက်သည်။ လင်းမိုက အအိပ်ဆတ်သူဖြစ်သည်။ ချက်ချင်းနိုးလာပြီး လင်းမိုက လီချန်းယုံကို တွေ့သောအခါ အကြောင်းရင်းကို မေးဟန်ဖြင့် ကြည့်သည်။

"မင်းပြန်တော့လေ။ မနက်မိုးလင်းရင် အကုန်မြင်သွားမယ်''
လီချန်းယုံက လင်းမိုကို နန်းဆောင်ပြန်ရန်စေခိုင်းသည်။

လင်းမိုက သက်ပြင်းရှည်ကြီးချလိုက်သည်။ ချစ်ရသူ၏ ဘေး၌ ရှိချင်တိုင်းရှိခွင့်မရသည်လောက်ကြီးမားသော ဒုက္ခမရှိပေ။

မျက်တောင်ရှည်ကြီးများ ပုတ်ခတ်ပြီး သူ့ကို ကြည့်နေသော လီချန်းယုံကို အသဲယားစွာပွေ့ဖက်လိုက်သည်။ လီချန်းယုံက အလိုက်သင့် သူ၏ ရင်ခွင်ထဲပါလာသည်။ ရင်ခွင်ထဲရောက်လာသော လီချန်းယုံ၏ မဟူရာရောင် ဆံနွယ်တို့ကို အသာ လက်ဖြင့်ထိုးဖွပြီး ဆော့ကစားနေသည်။ နာခံတတ်သော ဝံပုလွေဖြူလေးဆီက ရုန်းကန်မှုအလျဉ်းမရှိပေ။

ထိုအတိုင်း နာရီဝက်ခန့်အချိန်ဖြုန်းပြီးနောက်မှ လင်းမိုဆီက အသံထွက်လာသည်။
"အားယုံ...ဒီအတိုင်းဆို ကိုယ်တော်နောက်ကျပြီထင်တယ်။ ဘယ်အချိန်ရှိပြီလဲ''

လီချန်းယုံက သွားဖြူဖြူလေးများပေါ်အောင်ရယ်လိုက်ပြီး ပြန်ဖြေသည်။
"ရတယ်...ကိစ္စမရှိဘူး။ မင်းနိုးနိုးချင်း အဲ့ဒီလိုလုပ်မှာ သိလို့ ငါနာရီဝက်စောနှိုးထားတယ်''

လင်းမိုဆီက ရယ်သံတစ်ချက် ထွက်လာပြီး သူက လီချန်းယုံကို ပြောလေသည်။
"မဆိုးဘူး...အားယုံ တိုးတက်လာပြီ''

"....''
လီချန်းယုံက ဘာမှပြန်မပြော။ သူ၏ နှာခေါင်းသာ ရှုံ့ပြသည်။

လာစဉ်ကသို့ပင် လင်းမိုက တိတ်တဆိတ်ဖြင့် ကိုယ်ရံတော်တပ်ဖွဲ့တို့ကို ဖြတ်ကျော်ပြီး သူ၏ နန်းဆောင်သို့ ပြန်သွားလေသည်။

The True Conqueror [Complete]Where stories live. Discover now