Chapter 18

51.1K 6K 207
                                    

Unicode

လီချန်းယုံသည် သူ၏ ကျောတွင် ဓားနှစ်လက်ကို သယ်ပိုးလျက် ရေခဲလွင်ပြင်ဆီသို့ ခရီးနှင်လာခဲ့သည်။ သူဦးတည်နေသည်ကတော့ သူအကြိမ်ကြိမ်ရောက်ဖူးသော ရှောင်ချို၏ ရေခဲလိုဏ်ဂူပင်ဖြစ်သည်။

နှစ်ရက်တိုင်တိုင် ခရီးနှင်ပြီးနောက်တွင် လီချန်းယုံသည် ရေခဲလိုဏ်ဂူသို့ရောက်သွားလေသည်။ ရှောင်ချိုသည် ယခင်အခါများကဲ့သို့ အမဲလိုက်ထွက်ခြင်းမရှိဘဲ ရေခဲလိုဏ်ဂူထဲတွင် လူအသွင်ဖြင့် တရားကျင့်ကြံနေသည်ကိုတွေ့ရသည်။

"ရှောင်ချို...''
လီချန်းယုံ၏ ခေါ်သံကြောင့် ရှောင်ချို၏ မှိတ်ထားသော မျက်လုံးများပွင့်လာသည်။ သူ၏ မျက်နှာတွင် လီချန်းယုံကိုတွေ့သောအခါ ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်သွားသည်။ သို့ရာတွင် ထိုဝမ်းသာရွှင်ပြသောမျက်နှာသည် လီချန်းယုံ၏ နောက်ကျော၌ သယ်ပိုးထားသော ဓားနှစ်လက်ကို မြင်သည့်အခါ ပျောက်သွားလေတော့သည်။

"သခင်လေးချန်းယုံ''
ရှောင်ချို၏လေသံတွင် စိုးရိမ်မှုတို့ ကြီးစိုးနေသလို မဝံ့မရဲဟန်လည်း အပြည့်ရှိနေသည်။

လီချန်းယုံက တည်ငြိမ်စွာပင်လျှောက်လာပြီး ကျောက်စားပွဲပေါ်သို့ သူယူလာသော ဓားနှစ်လက်ကိုတင်လိုက်သည်။

"ရှောင်ချို...ငါအတည်ပြုစရာရှိတယ် လင်းမိုက မင်းရဲ့အရှင်သခင် ဟုတ်တယ်မလား''
လီချန်းယုံ၏ မျက်နှာအမူအရာသည် ခန့်မှန်းရခက်အောင် တည်ငြိမ်နေသည်။ ရှောင်ချိုမှာ လီချန်းယုံ၏ ထင်မှတ်မထားသောမေးခွန်းကြောင့် တုန်လှုပ်သွားလေသည်။

"သ..သခင်လေး''
ရှောင်ချို၏ ဝိုင်းစက်သော မျက်လုံးများမှာ ပိုမိုဝိုင်းစက်လာသယောင်ဖြစ်သွားသည်။ ရှောင်ချိုက အဖြေကို မထုတ်ဖော်ရဲသောကြောင့် ခေါင်းကိုသာ ငုံ့ထားခဲ့သည်။ သူ့ကို လင်းမိုက လီချန်းယုံကိုမပြောရန် အထပ်ထပ်မှာသွားလေသည်။ သွေးဖြူဝံပုလွေသည် သခင်၏ အမိန့်ကို သေချာပေါက် မလွဲမသေနာခံရမည်ဖြစ်သည်။

လီချန်းယုံက ရှောင်ချို၏ တုံ့ဆိုင်းနေသော အမူအရာကြောင့် သူအတည်ပြုလိုသော ကိစ္စ၏ အဖြေမှာ သေချာသွားပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။

The True Conqueror [Complete]Where stories live. Discover now