Chapter 70

38.2K 4.7K 313
                                    

Unicode

"ရှောင်ချို...''

ဆိုင်းမဆင့်ဗုံမဆင့်ဖြစ်သော ဟေးချို၏ ရုတ်တရက်ခေါ်သံကြောင့် ရှောင်ချိုက လှည့်ကြည့်သည်။

"ဘာလဲ...''
ဟေးချိုဆီက ခန့်မှန်းရခက်သောအမူအရာကြောင့် ရှောင်ချိုက အကြောင်းအရင်းကို မခန့်မှန်းမိပေ။

ဟေးချိုက သူ၏ လက်ဖဝါးကို ဖြန့်ပြီး ရှောင်ချိုရှေ့သို့ ထိုးပြသည်။ သူ၏စိတ်ထဲတွင် ရှောင်ချို မသိချင်ယောင်ဆောင်နေသည်ဟုသာ တွေးမိသည်။ ထိုသို့တွေးမိအောင်လည်း ရှောင်ချိုက ဉာဏ်များလှသူဖြစ်ကြောင်း ဟေးချို သိလေသည်။

ရှောင်ချိုကမူ အမှန်တကယ် မသိချေ။ ထို့ကြောင့် ဟေးချိုလက်ဝါးဖြန့်ပြသည်ကို နားမလည်စွာဖြင့် မျက်မှောင်ကြုတ်ကာပြန်ကြည့်သည်။

"မင်း...ငါ့ကို ရွှေဒင်္ဂါးပြားနှစ်ရာ ပေးရဦးမှာလေ''
ဟေးချိုက ရှောင်ချို၏ နဖူးကိုဖြောက်ခနဲမြည်အောက်တောက်ပြီး ပြောလိုက်သည်။

"အခုမှ...မေ့ချင်ယောင်မဆောင်နဲ့''

"....''
လူ့လောကသို့လာစဉ်က အင်မတန်သွေးအေးပြီး စကားပင် ခပ်အအမပြောခဲ့သော နဂါးက အဘယ့်သို့ရောက်သွားပါသနည်းဟု ရှောင်ချိုတွေးနေမိသည်။ ယခုတော့ သူ့ကိုအနိုင်ကျင့်ပြီး လောင်းကြေးထပ်သွားရုံမက ထိုလောင်းကြေးကိုလည်း အကြွေးတောင်းသကဲ့သို့ တောင်းယူနေသည်။

"မင်းတမင်သက်သက်ညစ်တာလေ...အရှင်လင်းမိုမှန်းသိရက်နဲ့မပြောဘူး''
ရှောင်ချိုက ရဲသွားသော သူ၏ နဖူးကို ပွတ်ပြီး မကျေမနပ်ဆိုသည်။
"ပေးစရာမရှိဘူး...မင်းသခင်လေးဆီကရောတောင်းလေ''
တစ်လက်စတည်း ပြတ်သားစွာပင် ရှောင်ချိုငြင်းလိုက်သည်။

ဟေးချိုက သူ၏ခါးတွင်ချိတ်ထားသော ရွှေဒင်္ဂါးပြားများထည့်ထားသည့် အိတ်အရှုံ့လေးကို ထောင်ပြပြီးပြောသည်။
"သခင်လေးဆီက ရပြီးပြီ။ မင်းဆီကပဲ ကျန်တော့တာ...''

ရှောင်ချို၏ မျက်နှာမှာ သိသိသာသာရှုံ့မဲ့သွားသည်။ သူကသွေးဖြူဝံပုလွေလေ...သူ့တွင် ရွှေဒင်္ဂါးမဆိုနှင့်...ငွေကြေးနှင့်တူသောအရာ ငွေစငွေနပင်မရှိချေ။

The True Conqueror [Complete]Where stories live. Discover now