Chapter 32

50.3K 5.9K 473
                                    

Unicode

"အား''
အိမ်ရှေ့စံ၏နန်းဆောင်အတွင်းမှ မနက်ဝေလီဝေလင်းအချိန်တွင် အော်သံတစ်သံလွင့်ပျံလာချေသည်။
ထိုကဲ့သို့အသံများကို ရံဖန်ရံခါကြားရတတ်သည်ကို သိနေသော အစောင့်တို့က စိုးရိမ်ခြင်းအလျဉ်းမရှိဘဲ နေမြဲအတိုင်းနေကြသည်။

လီချန်းယုံ၏ အော်သံကိုကြားရသောကြောင့် လင်းမိုနိုးလာသည်။ သူက ရုတ်တရက် လီချန်းယုံတစ်ခုခုဖြစ်သလားဟုစိတ်ပူသွားသည်။ သူကြည့်လိုက်တော့ လီချန်းယုံက ဘေးမှာရှိမနေ။ ဘေးဘီဝေ့ကြည့်လိုက်မှ လူတစ်ကိုယ်လုံးပေါ်သည့် ကြည့်မှန်ကြီးရှေ့တွင် ရပ်ကာ ဒေါသချောင်းချောင်းထွက်နေသော လီချန်းယုံကိုတွေ့လိုက်ရသည်။

ကနဦးက အော်သံသည် လီချန်းယုံဒေါသပုန်ထပြီး အော်လိုက်သော အော်သံသာ ဖြစ်သည်။ လင်းမိုက အကြောင်းရင်းကို မေးရန်ပြင်နေစဉ်မှာပင် လီချန်းယုံ၏ ရန်လိုစွာ မျက်စောင်းထိုးခြင်းခံလိုက်ရသည်။

"မင်းကြောင့်...''
လီချန်းယုံ၏ အသံသည် သေချာပေါက် ဒေါသထွက်နေသော အသံဖြစ်သည်။ လင်းမိုကတော့ အိပ်ယာနိုးစတွင် ဝံပုလွေဖြူလေး ရန်လိုနေရသည့် အကြောင်းရင်းကို အဖြေရှာနေဆဲပင်။

"ဒါ ဘယ်လိုလုပ်မလဲ''
လီချန်းယုံက သူ၏ ဖြူဝင်းသော လည်တိုင်ပေါ်က နီရဲရဲအမှတ်များကို လက်ညှိုးညွှန်ပြသည်။

လင်းမိုသိလိုက်သည်။ သူအချစ်လွန်ရင်း ချန်ထားခဲ့သော အမှတ်များကိုအခုမှမြင်ပြီး လီချန်းယုံက ဒေါသထွက်နေခြင်းပင်။ လင်းမိုကလည်း လင်းမိုပင်။ လီချန်းယုံ၏ ဝတ်ရုံဖြင့် ဖုံး၍မ၍ လည်ပင်းသားကိုပင် အမှတ်ရာများ ချန်ထားခဲ့သည်။

အမှန်တော့ လင်းမိုသည် လီချန်းယုံမေးနေသည်ကို အာရုံမဝင်စားပေ။ သူ၏ စိတ်အာရုံသည် ထိုလည်ပင်းသားဝင်းဝင်းကို ထပ်မံနမ်းရှိုက်လိုသော ဆန္ဒတို့၌သာ ဝင်စားနေသည်။

"လင်း...မို...!!!''
လီချန်းယုံက ဒေါသတကြီး ခေါ်လိုက်သည်။

"အမ်း...တစ်ခုခုနဲ့ဖုံးသွားလိုက်လေ...မင်းဘယ်သွားမလို့လဲ''
လင်းမိုက သူပြန်မဖြေလျှင် လီချန်းယုံဒေါသကြီးစွာ သောင်းကျန်းတော့မည်ကိုသိသောကြောင့် ပြန်ဖြေရသည်။

The True Conqueror [Complete]Where stories live. Discover now