Extra (Day 2)

25.9K 3.7K 211
                                    

Unicode

ကြီးကျယ်ခမ်းနားသော ဆွေဟိုင်းနန်းတော်ကြီး၏ ညီလာခံခန်းမဆောင်၌ ဆယ့်ခြောက်ပြည်ထောင်ကအမတ်များသည် မနက်ခင်းညီလာခံကို ကျင်းပရန် စောလျင်စွာ ရောက်ရှိနေကြသည်။

၎င်းတို့သည် ခန်းမဆောင်တံခါးကြီးဂျိမ်းခနဲ ပွင့်လာမည့် အချိန်ကို မျှော်လင့်နေကြသည်။

ယနေ့တွင် အမတ်တို့သည် တီးတိုးတီးတိုး​ဖြင့် ဆိုင်ရာအုပ်စုများအလိုက်၎င်းတို့လျှောက်တင်ရန်ရှိသည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးနေကြလေသည်။

ဆယ့်ခြောက်ပြည်ထောင်ကို ပေါင်းစည်းပြီးကတည်းက အရှင်နှစ်ပါးသည် မနက်ခင်းညီလာခံကို အလျဥ်းသင့်သလို တစ်ယောက်တစ်လှည့်စီ တက်ရောက်ကြလေသည်။

၎င်းတို့အားလုံးသည် မနက်ခင်းညီလာခံကို မည်သူတက်ရောက်ရန်မျှော်လင့်သည်ဆိုသည်ကား တစ်ညီတစ်ညွတ်တည်းသော အဖြေထွက်လေသည်။

မနက်ခင်းတိုင်းတို့တွင် အမတ်တို့  ညီလာခံတံခါးဝမှ မည်သည့်အရှင် ကြွလာမည်ဆိုသည်ကို ရင်တမမဖြင့် မျှော်ရလေသည်။ ၎င်းတို့မျှော်လင့်နေသူဖြစ်ပါက သက်ပြင်းချကာ စိတ်သက်သာရာရသွားသော်လည်း ၎င်းတို့မျှော်လင့်ထားသူမဟုတ်ပါက စိတ်မောသွားချေလေသည်။ ထိုနေ့အတွက်ကား အလွန်တရာ ပင်ပန်းပြီး စိန်ခေါ်မှုများ များမည်ဆိုသည်ကား တွေးမကြည့်ဘဲ သိနိုင်သည်။

"ဂျိမ်း''
ကျယ်လောင်သောအသံကြီးနှင့်အတူ ညီလာခံတံခါးကြီး ပွင့်သွားချေသည်။

လျှောက်လမ်းတစ်လျှောက်ခင်းထားသော အနီရောင် ကတ္တီပါအခင်း ​ပေါ်သို့ကြွမြန်းလာသော ခြေလှမ်းတစ်စုံ...

အမတ်တို့ညီညာစွာ ဒူးထောက်၍ အရိုအသေပြုကြလေသည်။ အရှင်ကိုအခွင့်ရှိမှ မော်ဖူးရမည်ဖြစ်သောကြောင့် ၎င်းတို့၏ ဦးခေါင်းများကို ညွှတ်ထားကြသည်။ ထို့ကြောင့် အမတ်တို့သည် မည်သည့်အရှင်ဝင်လာသည်ဆိုသည်ကို ချက်ချင်းအတည်မပြုနိုင်ပဲ မြင်ရသောဝတ်ရုံစွန်းနှင့် ဖိနပ်တို့ကိုသာ ကြည့်၍ ပြောရသည်။သို့ကြောင့် အမတ်တို့သည် ခန်းမသို့ ညင်သာစွာ လှမ်းဝင်လာသော ခြေထောက်ပိုင်ရှင်ကို အမိအရ ခန့်မှန်းနေလေသည်။

The True Conqueror [Complete]Where stories live. Discover now