Chapter 73.5

46.2K 4.2K 175
                                    

Unicode

(For some reasons, I unpublished this chapter but one of my readers asked me to republish.This is a rated chapter. I don't recommend to read if you are under 18. Thanks)

လင်းမိုသည် လီချန်းယုံကို ပွေ့ချီလာပြီး အနီရောင် ခန်းဆီးတို့ဖြင့် ကာရံထားသော အိပ်ဆောင်ခုတင်ကြီးဆီသို့ ဦးတည်ခေါ်သွားလေသည်။

လီချန်းယုံသည် သူအဘယ့်ကြောင့် အပျိုစင်လေး မင်္ဂလာဦးညဖြတ်သန်းရမည်ကဲ့သို့ စိတ်လှုပ်ရှားနေသည်ဆိုသည်ကို အဖြေရှာမတွေ့ပေ။ တွေးရင်းတွေရင်း သူ၏ ဖြူဖွေးဝင်းမွတ်သော ပါးပြင်တွင် အနီရောင်အရ်ပ်များသန်းလာသည်။ သူ၏ အောက်နှုတ်ခမ်းကိုပင် အသာဖိကိုက်ထားရသည်။

သူမစတင်ရသေးခင် လီချန်းယုံက အရှက်သည်းနေသောကြောင့် လင်းမိုသည် ဝံပုလွေဖြူလေး၏ ပါးကို လက်ဖြင့် ဖဲ့လိုက်သည်။
"အားယုံလေး...ကိုယ်တော့်ကို ဒီထက်အသဲယားအောင်မလုပ်နဲ့''

ပြောရင်း လင်းမိုက သူ၏ ကိုယ်ပေါ်က အနီရောင် ဝတ်ရုံရှည်ကြီးကို ချွတ်ပြီး တစ်နေရာသို့ ပစ်တင်လိုက်သည်။

လီချန်းယုံက ခုတင်ပေါ်တွင် အနောက်သို့ လက်နှစ်ဖက်ထောက်ကာ ထိုင်နေသောကြောင့် လင်းမို သူဆီသို့တိုးလာသောအခါ သူယောင်ယမ်းပြီး ခုတင်ကြီး၏အနောက်ခြမ်သို့ တိုးမိသွားသည်။

လီချန်းယုံ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိသည်။ သူသည်လို တွန့်ဆုတ်တွန့်ဆုတ်လုပ်နေလေ လင်းမိုကို ပိုစိတ်ကြွလာအောင် လှုံ့ဆော်ပေးရာ ရောက်နေမှန်းဖြစ်လေ သိလေသည်။

သူ၏ အတွေးတို့ပင် နောက်ကျနေပြီ။ လင်းမိုက သူ၏ တစ်ကိုယ်လုံးကို စားတော့ဝါးတော့မည့် အကြည့်ရဲရဲတို့ဖြင့် ကြည့်နေလေသည်။

"ဟမ်း...''
လီချန်းယုံ ဘာမှမပြောနိုင်။ လင်းမိုက သူ၏ အသားကို ထိပင် မထိရသေး။ သူ၏ တစ်ကိုယ်လုံး စေ့စေ့ငုငုကြည့်နေခြင်းတို့သာ ရှိသည်။ သို့သော် အကြည့်တို့ဖြင့်ပင် လီချန်းယုံခမျာ ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်နေချေသည်။

လင်းမိုက လီချန်းယုံ၏ ရှည်ကျနေသော ဝတ်ရုံက ခါးစည်းကို ဆွဲလိုက်သည်။ လင်းမိုက အားပါသည်လား ဝတ်ရုံကပင် ထိုသို့ ဖြစ်နေသည်လား မပြောတတ်။ အပေါ်ဝတ်ရုံတစ်ခုခုလုံး ပြေလျော့လျော့ ဖြစ်သွားသည်။

The True Conqueror [Complete]Where stories live. Discover now