Chapter 35

48K 5.8K 204
                                    

Unicode

လင်းမိုထွက်သွားပြီးနောက်တွင် အဆောင်တွင် ကျန်ခဲ့သော ရှင်းယီမှာ သူမ၏ ဒေါသတို့ကို ဆက်လက်ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူမက အနီးအနားကကြည့်မှန်ကို ကြမ်းပြင်သို့ ပေါက်ခွဲပစ်လိုက်သည်။

"ငါ့ကိုများ ရာရာစစ ရုပ်ဆိုးတယ်လို့ပြောသွားတယ်''
သူမက ဒေါသတို့ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သောကြောင့် ဟန်ဆောင်မျက်နှာဖုံးကွာကျပြီး ရုတ်ရင်းကြမ်းတမ်းသော စကားများဖြင့် ကျိန်ဆဲနေလေသည်။

ခဏအကြာမှ ရှင်းယီ သူမစိတ်ကို ထိန်းချုပ်ပြီး အခြေအနေအရပ်ရပ်ကို ပြန်စဉ်းစားသည်။ သူမသည် ဘုရင်ကြီးလီ၏ ကျောထောက်နောက်ခံဖြင့် တောင်ပိုင်းဘုရင်၏ မိဖုရားနေရာကို အရယူနိုင်မည်ဟု စိတ်ကူးထားခဲ့သည်။ သို့သော် ယခုတွင်မူ တောင်ပိုင်းဘုရင်က သူမအပေါ်စိတ်ဝင်စားမှုမရှိကြောင်း ထင်ရှားစွာ ပြသသွားလေသည်။

ပို၍ဆိုးသည်က သူမသည် ယခုရက်ပိုင်း အိမ်ရှေ့စံလီချန်းယုံစိတ်ကွက်အောင် တမင်ပြုမူနေထိုင်ခဲ့သည်။ လီချန်းယုံသည် နောက်တစ်ချိန်တွင် မြောက်ပိုင်းဘုရင်ဖြစ်လာမည့်သူ ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်ကတည်းက တိုင်းပြည်ဥသျှောင်နေရာ ယူခဲ့သော အိမ်ရှေ့စံသည် သူ၏ အစွမ်းအစတို့ကို မြောက်ပိုင်းပြည်သူများအား အကြိမ်ကြိမ် သက်သေပြခဲ့သည်။ ထိုသို့သောသူသာ ဘုရင်ဖြစ်လာခဲ့ပါက စိတ်ကွက်အောင် လုပ်မိခဲ့သော ရှင်းယီနှင့် အိမ်တော်၏ အနာဂတ်မှာ ချောက်ကမ်းပါးအစွန်းသို့ရောက်သည့်နှယ် အန္တာရယ်များလှပေသည်။

ရှင်းယီတွင် ရွေးချယ်စရာမရှိပါ။ သူမသည် တောင်ပိုင်းဘုရင်၏ မိဖုရားမဖြစ်ဖြစ်လာအောင် ကြိုးပမ်းရုံမှတစ်ပါး အခြားရွေးစရာမရှိပေ။ တောင်ပိုင်းဘုရင်၏ မိဖုရားဖြစ်လာပါမှ လီချန်းယုံကို ပြန်လှန်တွန်းလှန်နိုင်မည်ဖြစ်သည်။

သူမကိုစိတ်မဝင်စားသော သူတစ်ယောက်ကို မည်သို့ဖြားယောင်းပါမည်နည်း။

ရှင်းယီအကြပ်ရိုက်နေစဉ် သူမကိုခေါ်သော အသံတစ်သံကြားလိုက်ရသည်။
"သခင်မလေး...''

The True Conqueror [Complete]Where stories live. Discover now