Chapter 5

57.7K 6.8K 600
                                    

Unicode

လီချန်းယုံက သတို့သမီးကို တွဲလာပြီး ခန်းမဆောင်အနား အရောက်မှာပင် ထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။ ဧည့်ခံဖျော်ဖြမှုနှင့် ကျွတ်ကျွတ်ညံအောင် ဆူညံနေခဲ့သော ခန်းမဆောင်သည် ယခုတွင် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေ​ချေသည်။ အန္တာရာယ်အငွေ့အသက်ကြောင့် လီချန်းယုံ၏ လက်တစ်ဖက်က လက်ဆွဲတော်ဓားကို ဆွဲထုတ်ရန် ဓားရိုပေါ်သို့ အသင့်ရောက်သွားသည်။

သတို့သမီးမှာကား မည်သည့်ထူးဆန်းသည့်အရာကိုမှ သတိမထားမိဟန်နှင့် လီချန်းယုံကိုတွဲလာသည်။ တစ်နေရာအရောက်တွင် သူမက ခလုတ်တိုက်ပြီး လဲလေသည်။ လီချန်းယုံက သူမကိုဆွဲထူဖို့ ကြိုးအစား  ဟန်ချက်ပျက်သွားသည့် သတို့သမီးဓခြေထောက်က အပေါ်အနည်းငယ်မြောက်သွားလေသည်။ လီချန်းယုံအမှတ်တမဲ့ကြည့်လိုက်မိသည့်အခါ သူမ၏ခြေထောက်များက လက်များကဲ့သို့ပင် ဖြူဖွေးပြီးဝင်းဝါနေလေသည်။ ထိုထက်ဆိုးသည်က သူမက ဖိနပ်အမြင့်ပင်စီးမထား​ချေ။

လီချန်းယုံက အံ့အားသင့်ပြီး သတို့သမီးကိုကြည့်လိုက်သည်။ လီချန်းယုံ၏မျက်လုံးများက အန္တရာယ်အနံ့ရလိုက်သော ဝံပုလွေတစ်ကောင်လိုပင် စူးရှပြီးကျဉ်းမြောင်းလာသည်။ ဖြစ်ရပ်အားလုံးကို စုစည်းပြီးကောက်ချက်ချလိုက်လျှင် သတို့သမီးက သေချာပေါက် မြောက်ပိုင်းသူမဟုတ်ပေ။ ထို့အပြင် မိန်းကလေးလည်း မဟုတ်နိုင်ချေ။

လီချန်ယုံကတွေဝေခြင်းမရှိ။ သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး သတို့သမီးခေါင်းပေါ်က အနီရောင်ဇာပုဝါကို ဓားဖျားနှင့် ပင့်တင်လိုက်သည်။ သတို့သမီးက မလှုပ်မယှက် ရပ်နေသည်။ သူက လီချန်းယုံလုပ်သမျှကို အေးအေးဆေးကြည့်နေသလိုပင်။

ဓားဖျားနှင့် ပင့်တင်လိုက်သည့်အခါ အရင်ဆုံးထွက်ပေါ်လာသည်က ပိရိသေသပ်ပြီး ပြုံးယောင်ယောင်ဖြစ်နေသော နှုတ်ခမ်းတစ်စုံဖြစ်သည်။ လီချန်းယုံကောင်းကင်ဘုံနှင့် တိုင်တည်ပြီး ကျိန်ဆိုရဲသည်။ သူ၏ဘဝတွင် လူပေါင်းများစွာကိုတွေ့မြင်ဖူးသော်လည်း ယခုလို တစ်ဝက်တစ်ပျက်မြင်ရသော အပြုံးဖြင့်ပင် မကောင်းဆိုးဝါးမှန်း သိသာနေသောသူကို မတွေ့ဖူးသေးပါ။

The True Conqueror [Complete]Where stories live. Discover now