Note

25.4K 4.2K 337
                                    

Unicode

မနေ့ကတိုက်ပွဲရဲ့ရိုက်ချက်က အကုန်လုံးအတွက် ပြင်းထန်သွားတယ်ဆိုတာ Heather သိပါတယ်။ Heather ရှင်းပြဖို့ လိုအပ်တဲ့ နေရာလေးတွေအတွက် ဒီစာလေးကိုရေးလိုက်ပါတယ်...

ပထမဆုံး ချန်းယုံက ဘာလို့လိုက်လာတာလဲ...

Heather တို့စဥ်းစားကြည့်ရအောင် ချန်းယုံက လင်းမိုကို ဘယ်လောက်ချစ်လဲဆိုတာ...သူသွားခဲ့တာ အဲ့ဒီဓားနဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခံဖို့ပါ။ သူကအစကတည်းက သူ့ကံကြမ္မာကို သိခဲ့တာတောင် လင်းမိုကို ချစ်ခဲ့တာပါ။ ချစ်ရသူတစ်ယောက်လုံး တိုက်ပွဲကို အသက်စွန့်ပြီးတိုက်နေတာ တကယ်လို့ လီချန်းယုံကသာ ဘေးကင်းတဲ့ မြောက်ပိုင်းမှာပဲ ဆက်နေမယ်ဆိုရင် သူက လင်းမိုကို တကယ်ရောချစ်တာ ဟုတ်ပါ့မလား...အဲ့ဒါကြောင့် လီချန်းယုံ လိုက်လာတာပါ။

လီချန်းယုံ လိုက်မလာရင် လင်းမိုမသေဘူး။

ဒီအယူအဆကိုတော့ Heather မထောက်ခံပါဘူး။ နတ်ဆိုးဘုရင်ကြီးက ဒီအတိုင်းဘာမှ မလုပ်ရပဲ ပျောက်သွားတယ်ဆိုတာ လုံးဝမဖြစ်နိုင်တာပါ။ သေချာပေါက် လင်းမိုနဲ့ သက်ဆိုင်နေပါတယ်။ အကြမ်းဖျင်းအားဖြင့် လီချန်းယုံ စတေးခံရမယ့် နေရာမှာ လင်းမိုက စတေးခံလိုက်တယ်လို့ပဲ ယူဆလို့ရပါတယ်။သူပြောတဲ့ စကားတစ်ခွန်းလည်းရှိပါတယ်။

"ငါ...ဒီလို ဖြစ်မယ်လို့ မျှော်လင့်ပြီးသား...ငါရဲ့နောက်ဆုံးအချိန်မှာမင်းကိုတွေ့ရလိမ့်မယ်လို့ပဲ မမျှော်လင့်တာ...''

အဲ့ဒီစကားအရ လင်းမိုက သူသေမယ်ဆိုတာ သိပြီးသားလို့ ယူဆလို့ရပါတယ်။ သူရဲ့နောက်ဆုံးအချိန်မှာ ချန်းယုံကို တွေ့ရဖို့ပဲ မမျှော်လင့်ခဲ့တာပါ။

အဲ့ဒါကြောင့် လီချန်းယုံ လိုက်လာလာမလာလာ လင်းမိုသေမှာပါ။ သူစတေးခံခဲ့လို့ပဲ နတ်ဆိုးဘုရင်က ပျောက်သွားတာပါ။

လင်းမိုက လီချန်းယုံကို ကတိပေးသွားပါတယ်။
"ငါ...သေချာပေါက်...မင်းဆီပြန်လာခဲ့မယ်''

ဒီနေရာမှာ Heather ပြောချင်တာက တစ်လျှောက်လုံးလည်း လင်းမိုရဲ့ မကုန်ခန်းနိုင်တဲ့ ပရိယာယ်အမျိုမျိုးကို တွေ့ပြီး ဖြစ်မှာပါ။ သူကဘယ်တုန်းကများ မပိုင်တဲ့အရာတစ်ခုကို လုပ်ခဲ့ဖူးလဲ....အဲ့ဒါကြောင့် လင်းမိုကို ယုံကြည်လိုက်ပါ။

The True Conqueror [Complete]Where stories live. Discover now