The End of the Journey

38.2K 3.8K 409
                                    

To my dear readers✴

အခုဆိုရင် နိုဝင်ဘာဆယ်ရက် ၂၀၁၉ မှာစတင်ခဲ့တဲ့ ခရီးရှည်ကြီးက ပြီးဆုံးသွားပါပြီ။ ထင်မှတ်ထားတာထက် ပိုကြာသွားသလို ပိုလည်း ရှည်လျားသွားခဲ့ပါပြီ။ ခရီးရှည်ကြီးမှာလိုက်ပါလာခဲ့သူတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်။ မမေ့မလျော့ vote နဲ့ feedback လေးတွေပေးခဲ့တာကြောင့် အထူးကျေးဇူးတင်ပါတယ်နော်။

ထပ်ခါထပ်ခါပြောနေတာမျိုးဖြစ်ပေမယ့် The True Conqueror ဟာ Heather ရဲ့ နှလုံးသားတစ်ခုလုံးနဲ့ ဖန်တီးထားခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

နာမည်လေးစတပ်ပြီး ပြီးပါပြီလို့ စာတန်းလေးရေးနိုင်ဖို့အထိ Heather တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ ဝေဖန်မှုတွေ တိုက်ခိုက်မှုတွေကိုကြိတ်မှိတ်ပြီးခံနိုင်ခဲ့တဲ့အချိန်တွေရှိသလို မခံနိုင်ခဲ့ပဲ ပြိုလဲခဲ့တဲ့အချိန်တွေလည်း ရှိပါတယ်။ အဲ့ဒီအခါတိုင်း အားပေးခဲ့တဲ့အယောက်တိုင်းဆီက အားပေးစကားလေးတွေနဲ့ပဲ ရှေ့ဆက်ခဲ့ပါတယ်။

The True Conqueror အတွက် အချက်အလက်တွေသမိုင်းကြောင်းတွေနဲ့ လေ့လာမှုအများအပြားလုပ်ခဲ့ပြီး စွမ်းသလောက်ကြိုးစားခဲ့ပါတယ်။ စာရေးတဲ့အတွေ့အကြုံက ခြောက်လကျော်ကျော်ပဲရှိသေးပြီး ပထမဆုံး ဖန်တီးတဲ့လက်ရာလေးမလို့ တစ်စုံတစ်ရာ အချွတ်အချော်ရှိရင် နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။

ကျန်ရှိနေတဲ့ extra ပတ်သက်ပြီး သိချင်ရင်တော့ Heather ကို follow လုပ်ထားပါနော်။ announcement နဲ့ ပြန်ကြေငြာပေးပါမယ်။ ပြန်ဖတ်ဖို့ ဆန္ဒရှိတဲ့သူတွေအဆင်ပြေအောင် စာလုံးပေါင်းတွေပြန်စစ်ပြီး ဇော်ဂျီသပ်သပ် ယူနိသပ်သပ်ခွဲပေးသွားပါ့မယ်။ ဆွဲဖတ်ရတာ အဆင်ပြေစေချင်လို့ပါ။

သိတဲ့သိသူတွေသိပြီးပေးမယ့် Heather မှာ နောက်ထပ်ခရီးရှည်ကြီးတစ်ခုကျန်ပါသေးတယ်။ ဒဏ္ဍာရီတွင်မယ့် ဇာမဏီငှက် (Legendary Phoneix)ပေါ့။ ကောင်းကင်ဘုံက ဇာမဏီနတ်ဘုရားနဲ့ အိပ်မက်နတ်ဘုရားတို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ The True Conqueror နဲ့လုံးဝကွဲလွဲနေပြီး မတူညီတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ စွမ်းသလောက်ကြိုးစားပြီး ဒုတိယခရီးရှည်ကြီးကို ဆက်လိုက်ပါဦးမယ်။ အားလုံးနဲ့ ပြန်တွေ့ချင်ပါတယ်...

ချစ်ခြင်းများစွာဖြင့်,
Heather Bell❄

To my dear readers✴







Heather Bell❄

The True Conqueror [Complete]Where stories live. Discover now