Chapter 10

57.2K 7.3K 660
                                    

Unicode

ရှောင်ချိုပြန်ရောက်လာသောအခါ လီချန်းယုံသည် အိပ်ပျော်နေဆဲပင်ရှိသေးသည်။ ရှောင်ချိုက သူယူလာသော ဆေးပင်ကို ဆေးရည်ဖြစ်အောင် ကြိုချက်နေသည်။ ဆေးရည်ရလာချိန်၌ သူက လင်းမိုအား ဆေးပန်းကို ထိုးပေးသည်။
"အရှင်...ဆေးရည်ရပြီ...တိုက်လိုက်တော့''

လင်းမို၏ မျက်နှာ၌ အပြုံးတစ်ချက်ပေါ်လာသည်။ ခါတိုင်းထက်စာရင်တော့ ယခုအပြုံးကသိပ်ပြီး မကောင်းဆိုးဝါးမဆန်တော့ပေ။

"ရှောင်ချို မင်းတောင် သိတတ်လာပြီ''

ပြောရင်း လင်းမိုက လီချန်းယုံဆီ သွားလိုက်သည်။ လီချန်းယုံမှာ အိပ်ပျော်နေဆဲပင်ဖြစ်ရာ သူ၏အသက်ရှုသံမျှင်းမျှင်းလေးကို လင်းမိုကြားနေရသည်။ လီချန်းယုံ၏ မပွင့်တစ်ပွင့်ဖြစ်နေသော နှုတ်ခမ်းလွှာကို ဆေးရည်ဇွန်းနှင့် ထိတွေ့လိုက်သော အခါ လီချန်းယုံ နိုးလာလေသည်။ ကျိန်းစပ်နေသော သူ၏မျက်လုံးတွေကို အားယူဖွင့်လိုက်တော့ အနှီမကောင်းဆိုးဝါး၏ မျက်နှာကို မြင်ရပြန်သည်။ လီချန်းယုံက သူ၏ခေါင်းကို တစ်ဘက်စောင်းလိုက်သောကြောင့် ဆေးရည်အချို့ သူ့၏ရင်ဘတ်ပေါ် ပြုတ်ကျကုန်သည်။

လင်းမိုက မဆိုင်းမတွပင် လီချန်းယုံပေါ်ဖိတ်စင်သွားသော ဆေးရည်များကို ဖယ်ရှားပေးလေသည်။ သူက လီချန်းယုံကို မျက်မှောင်ကြုတ်ကြည့်ပြီး ပြောလေသည်။

"ဆေးရည်တွေဖိတ်ကုန်ပြီ...''

လီချန်းယုံက ဘာမှမပြောပေ။ သူ၏နှုတ်ခမ်းနီရဲရဲကို ဖိကိုက်ထားလေသည်။ သူ အခုချိန်ထိ လင်းမိုကို မကျေနပ်သေးပါ။

လင်းမိုမှာ အပြောင်းအလဲမြန်သော လီချန်းယုံ၏ စိတ်ကိုနားမလည်တော့ပါ။ လီချန်းယုံအိပ်မပျော်ခင်လေးကပဲ သူတိုက်သည့် ဆန်ပြုတ်ကို အသာတကြည်သောက်ခဲ့သည်လေ။ ယခုမူကား မကျေနပ်ဟန်တို့ ပြနေပြန်သည်။ လင်းမိုက သက်ပြင်းချပြီး အေးစက်ပြတ်သားသော စကားတစ်ခွန်းကိုပြောလိုက်သည်။

"မင်းမသောက်ရင် ရှောင်ချိုကို အရေခွံဆုတ်ပစ်မယ်...မင်းသိလား ဝံပုလွေအရေကလေ ဆောင်းတွင်းဆို တော်တော်အသုံးဝင်တယ်''

The True Conqueror [Complete]Where stories live. Discover now