Chapter 19

52K 6.3K 212
                                    

Unicode

လီချန်းယုံ ရေခဲလွင်ပြင်သို့သွားသော လေးရက်တာအတွင်း မြောက်ပိုင်းရှန်နိုင်ငံတွင် အပြောင်းအလဲများစွာ ဖြစ်သွားခဲ့လေသည်။ လင်းမိုသည် လော့မြစ်ကမ်းတွင် နေရာယူထားသော စစ်တပ်ကြီးကို မိခင်ယန်နိုင်ငံသို့ ပြန်စေပြီး ထိုတပ်ရင်းကို စစ်သူကြီး မင်ယုအားဦးဆောင်စေသည်။ နန်းတော်၏ ကိစ္စအဝဝကို စီမံခန့်ခွဲရန် အမတ်ကြီးကိုလည်း ပြန်လွှတ်လိုက်လေသည်။

လင်းမိုသည် လေးရက်မြောက်မနက်တွင် ရှန်နိုင်ငံနန်းတော်မှာ ခါတိုင်းနှင့်မတူ ထူးထူးဆန်းဆန်းလှုပ်ရှားသက်ဝင်နေသည်ကို တွေ့လိုက်ရသည်။ အထိန်းတော်များက ပြာပန်းခတ်အောင်လှုပ်ရှားသွားလာနေကြပြီး နန်းတော်တစ်ခုလုံး လူများရှုပ်နေကြသည်။ ပွဲလမ်းသဘင်တစ်ခုကြောင့် နန်းတော်က အသက်ဝင်တက်ကြွနေခြင်းဖြစ်လိမ့်မည်။

"ဟေ့...မောင်မင်း... လာဦး''
လင်းမိုက သူ၏ရှေ့တွင် ဦးညွှတ်တာ သုတ်သုတ်ပြာပြာပြေးသွားနေသော အထိန်းတော်တစ်ယောက်ကို လက်ယပ်ခေါ်ပြီး ပြောလိုက်သည်။
"ရှန်နန်းတော်မှာ ပွဲတော်တစ်ခုခုရှိလို့လား''

အထိန်းတော်က လင်းမိုကို ဦးညွှတ်ပြီး ရိုကျိုးစွာ ဖြေလေသည်။
"မှန်လှပါ အရှင်...နောက်တစ်ပတ်ဆိုရင် အိမ်ရှေ့စံမင်းသားလေးက သက်တော်နှစ်ဆယ်ပြည့်ပါပြီ။ အိမ်ရှေ့စံရဲ့ မွေးနေ့မင်္ဂလာက မြောက်ပိုင်းမှာ ခမ်းခမ်းနားနားကျင်းပတဲ့ အလေ့ရှိတာကြောင့် အခုကတည်းကကြိုတင်ပြင်ဆင်နေကြတာပါ''

"မွေးနေ့...ချန်းယုံမွေးနေ့ပေါ့''
လင်းမိုက ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ပြောလေသည်။ သူ့၏ မျက်နှာက အပြုံးတစ်ပွင့်ရှိနေပြီး မျက်ဝန်းတို့်ကရွှန်းစိုတောက်ပနေသည်။

"စစ်သူကြီးချင်ကို ပြောပေးပါ...ကိုယ်တော် ကိစ္စလေးရှိလို့ စစ်ရေးလေ့ကျင့်တာလာမကြည့်နိုင်တော့ဘူးလို့''
ပြောပြောဆိုဆို လင်းမိုက သူလာခဲ့သော အိမ်ရှေ့စံ၏ နန်းဆောင်သို့ ခြေလှမ်းတို့ပြန်လည်ဦးတည်သွားလေသည်။

ဘုရင်ကြီးလီနှင့် လင်းမို၏ သဘောတူညီချက်အရ နှစ်နိုင်ငံစစ်သည်တော်များ ပူးပေါင်းလေ့ကျင့်နေခြင်းဖြစ်သည်။ သည်မနက်ကလည်း လင်းမိုသည် အနှီကိစ္စကြောင့် နန်းဆောင်အပြင်ထွက်လာခြင်းဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now